လူတောမတိုးရဲလို့

2.2K 271 21
                                    

Unicode

လူတောမတိုးရဲဘူးဖြစ်နေလို့ အကြံပေးပါဦး ဆိုပြီး ren ကို မေးတဲ့ သူလေးတွေရှိလို့ Ren သိသလောက်လေး အကြံပေးကြည့်ပါ့မယ်။

လူတောမတိုးရဲတဲ့ ပြသာနာကို မဖြေရှင်းခင်မှာ
Ren တို့ အရာတစ်ခုကိုတော့ ပြတ်ပြတ်သားသားသိမှ ရပါ့မယ်။

အဲ့တာက ကိုယ်​က
Introvert ဖြစ်နေတဲ့သူလား extrovert ဖြစ်နေတဲ့သူလားဆိုတာ သေချာသိဖို့ပါ။

Introvert ဆိုတဲ့သူတွေက တစ်ယောက်တည်း သီးသန့်နေရတာကိုကြိုက်တဲ့သူမျိုးပါ။ လူရှုပ်တာတွေ မကြိုက်ဘူး။ သူငယ်ချင်းထားရင်လဲ လက်ငါးချောင်းတောင်မပြည့်တဲ့သူတွေပါ။
ဒါပေမယ့် သူတို့က အဲ့လို ဖြစ်တာကို ကျေနပ်တယ်။ အားမလိုအားမရ မဖြစ်ဘူး။ သူတို့အတွက်က တစ်ယောက်တည်း အေးဆေးနေရလေ ကောင်းလေဆိုတဲ့လူမျိုးတွေပါ။

Extrovert ကတော့ ဆန့်ကျင်ဘက်။
သူက လူအများကြီးနဲ့ နေရတာ ကြိုက်တယ်။
အသစ်အဆန်းတွေကို ခုံမင်တယ်။  တစ်ယောက်တည်းနေရတာကို လုံးဝ မကြိုက်တဲ့သူတွေပေါ့။(သူ့အကြောင်းကိုတော့ သေချာမပြောတော့ပါဘူး)

အဲ့တော့ လူတော မတိုးရဲတဲ့ ကိုယ့်ကို ကိုယ် ပြန်မေးကြည့်ပါ။

ငါက ဘယ်အထဲမှာပါနေလဲလို့။
ငါက Introvert ထဲမှာပါနေတယ်ဆိုရင်တော့..ဒီလူတောမတိုးရဲတဲ့ ကိစ ဟာ..သိပ်ပြီးအရေးကြီးတဲ့ ပြသာနာမဟုတ်ပါဘူး။

Ren ဆို Introvert ထဲမှာပါ ပါတယ်။
လူအများကြီးနဲ့ စကားပြောရတာမကြိုက်ဘူး။
လူအများကြီးနဲ့ခင်ရတာ မကြိုက်ဘူး။
အစတုန်းကတော့ အဲ့ဒါကို ပြသာနာလို့ ထင်ခဲ့တာ။
uni စ တက်တော့ သူငယ်ချင်းတွေ အများကြီး လိုချင်ခဲ့ဖူးတယ်။ ဒါပေမယ့် ရလာတဲ့အခါကျတော့လဲ ထင်သလောက် မပျော်ဘူး။ သူငယ်ချင်းတွေအများကြီးရတော့ ဘာဖြစ်လဲလို့ ပြန်မေးကြည့်တယ်။ ဘာမှ ထူးထူးခြားခြား မဖြစ်ပါဘူး။ အဲ့အစား ကိုယ့်ကို နားလည်ပေးတတ်တဲ့ သူငယ်ချင်းတစ်ယောက်နှစ်ယောက်ဆိုပဲ လုံလောက်နေပါပြီ။ တကယ်လဲ Ren ရဲ့အပြင်လောကမှာ တကယ့် စိတ်ရင်းနဲ့ပေါင်းတာဆိုလို့ လက်ငါးချောင်းမပြည့်ဘူး။ဒါပေမယ့် အဆင်ပြေတယ်။ ဝမ်းနည်းတာမျိုးမရှိဘူး။
ဘာလို့လဲဆိုတော့ Introvert ထဲပါနေလို့။

ကောင်မလေးတွေဖတ်ဖို့Where stories live. Discover now