Say 'Thanks' to them

1.4K 207 4
                                    

I chose a false solution
But nobody proved me wrong.

Linkin Park ထဲက စာသား။
ငါ မှားနေတဲ့အဖြေကိုရွေးလိုက်တယ်။ ဒါပေမယ့် ဘယ်သူကမှ ငါမှားနေတယ်လို့မပြောကြဘူး ။ သက်သေမပြကြဘူးတဲ့။

ဒါလေး နားထောင်မိတော့ ငယ်ငယ်တုန်းက ဘဝကို ပြန်မြင်မိတယ်။
ငယ်ငယ်က ဆရာမက ပုစ္ဆာတစ်ခုခုကို အဖြေရှာခိုင်းတယ် ။ပြီတော့ တပည့်တွေကို ပြိုင်ခိုင်း ပြီတော့ လာပြခိုင်းတယ်။ အဲ့အခါ ကိုယ်က အဖြေရှာတယ်။ ပြီးတော့ ကိုယ့်ရဲ့ ပြိုင်ဘက်ကို အဖြေတိုက်ဖို့လုပ်တယ်။ အဲ့အခါ ဟိုဘက်က ကိုယ့်ရဲ့ ပြိုင်ဘက် ဖြစ်နေတဲ့အတွက် ကိုယ့်အဖြေကို မှန်တယ် မှားတယ် ထောက်ပြမှာမဟုတ်ဘူး။ ကိုယ်မှားရင်လဲ ပြောပြမှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ပြိုင်ဘက်ဖြစ်နေလို့။

အဲ့ဒီသဘောအတိုင်းပဲ။
ကိုယ့်အမှားတွေကို မှားကြောင်းထောက်ပြတာဆိုလို့ ကိုယ့်ကိုချစ်တဲ့သူတွေ တန်ဖိုးထားတဲ့သူတွေပဲရှိတယ်။
ပြိုင်ဘက်ကတော့ ကိုယ်မှားလေး ကြိုက်လေပဲ။

အဲ့ဒါကို ကိုယ်တွေက နားမလည်ပဲ အမှားထောက်ပြတတ်တဲ့သူကို ရန်လုပ်လေ့ရှိတယ်။ အပြင်ဘက်က ပြန်ပြောဖို့ မဖြစ်နိုင်ရင်တောင် စိတ်ထဲကနေ အပြစ်တင်နေမိတယ်။ သက်သက် ငါ့ကိုဆရာကြီးလာလုပ်နေတာ။ အလကားပါကွာ အပြစ်မရှိ အပြစ်ရှာနေတာ။ သိပ်နားပူနားဆာလုပ်တာပဲ ။ အစရှိသဖြင့် ကိုယ်တို့ အမှားတွေကိုထောက်ပြရင် မကြိုက်တတ်ကြဘူး။ ဘာလို့လဲဆိုတော့ ကိုယ်တို့မှာ မာနရှိလို့ပေါ့။ မာနက အမှန်တရားကိုဖုံးကွယ်ပေးတတ်တယ်။

ဒါကြောင့် သတိထားပါ။
ကိုယ့်ကို အပြစ်ပြောနေတဲ့သူရှိရင်…
ကိုယ့်အမှားကို ထောက်ပြပေးတဲ့သူရှိရင်…
သူတို့ကို ကျေးဇူးတင်ပါ။ အသိအမှတ်ပြုပါ။

ဘာလို့လဲဆိုတော့ သင့်ရဲ့ပြိုင်ဘက်က သင့်ရဲ့ရန်သူက သင့်အမှားကို ထောက်ပြမှာမဟုတ်သလို အပြစ်လဲတင်မှာမဟုတ်လို့ပါ။

ကောင်မလေးတွေဖတ်ဖို့Where stories live. Discover now