အဆက်အသွယ်ဖြတ်ကြည့်ခြင်း

3.1K 616 40
                                    

ချစ်ရပါသော ကလေးရေ

"တစ်ခါတစ်လေ လူတွေနဲ့ ဝေးဝေးနေကြည့်သင့်တယ်။
Social Media တွေနဲ့ အဆက်အသွယ်ဖြတ်သင့်တယ်။
ခဏလောက် လူတွေနဲ့ အဆက်အသွယ် ဖြတ်နေသင့်တယ်။

တကယ်လို့
မင်းကို တကယ် ဂရုစိုက်တဲ့သူဆိုရင်
မင်း ပျောက်နေတာကို သတိထားမိလိမ့်မယ်။်
မင်းဆီကို ဆက်သွယ်လာလိမ့်မယ်။
မင်းကိုလွမ်းကြောင်း ပြောလိမ့်မယ်။

တကယ်လို့ အဲ့လိုမျိုး တစ်ယောက်တစ်လေတောင် မရှိခဲ့ဖူးဆိုရင်
မင်းကိုယ်မင်းအတွက်
ဘယ်လို ရပ်တည်မလဲ။
မင်းကိုယ်မင်း တခြားသူတွေ ဂရုစိုက်ပေးစရာမလိုလောက်အောင် ဘယ်လို ဂရုစိုက်မလဲ။ အထီးကျန်ခြင်းကိုဘယ်လို အနိုင်ယူမလဲဆိုတဲ့
အရာတွေကို သင်ယူသင့်တယ်

"လူတိုင်းဟာ သူတို့အလုပ်နဲ့သူတို့ ရှုပ်နေကြတာပဲ …အများအားဖြင့်တော့ မင်းကို လိုအပ်မှသာ သတိရတတ်ကြတာပါ။

ခုကစပြီး မင်းလဲ သူများအလုပ်တွေ ဝင်ပါတာ နည်းနည်းလျော့ပြီ ကိုယ် ကိုယ်တိုင်အတွက် အချိန်တွေပေးပါဦး။

ကိုယ်အမှောင်ထဲ ရောက်နေချိန်မှာ အားပေးမယ့် သူဆိုလို့
ကိုယ် ကိုယ်တိုင်ပဲ ရှိတာ မဟုတ်လား။

ချစ်ပါတယ် ကလေးရယ်။
မင်းရဲ့ အရိပ်က မင်းဘေးမှာရှိနေပြီး မင်းကိုချစ်နေပါတယ်။
မင်းကလဲ သူ့ကို  ချစ်ဖို့ အချိန်ပေးပါဦး။

ကောင်မလေးတွေဖတ်ဖို့Where stories live. Discover now