For Exam Motivation

2.6K 501 44
                                    

စာမေးပွဲတော့ရှိတယ်။ ဒါပေမယ့် စာလုပ်ချင်စိတ် လုံးဝမရှိဘူး။ဒီပြသာနာကိုဘယ်လိုဖြေရှငိးကြမလဲ။

ငယ်ငယ်တုန်းတော့ အမေ အဖေ တွေကဘေးနားကနေ ကြိမ်လုံးလေးကိုင်ပြီး စာလုပ်ဖို့ ခြိမ်းခြောက်ကောင်းခြိမ်းခြောက်မယ်။

စာမရလို့ဆိုပြီ ဆရာဆရာမတွေက အတန်းထဲမှာ ရိုက်ရင် ရှက်လို့ ဆိုပြီး စာလုပ်ကောင်းလုပ်မယ်။

အခု အရွယ်ရောက်လာတော့ အဲ့လိုတွေ ဘေးနားက တင်းကြပ်မယ့်သူတွေ မရှိတော့သလို စာမရ ရင် ရိုက်မယ်တဲ့သူလဲ မရှိတော့ဘူး။

အဲ့တော့ကိုယ်တို့ ဟာ ကြောက်ရမယ့်သူမရှိတော့ အေးအေးဆေးဆေး ပဲ နေနေတယ်။ FA တွေ Single တွေပို ဆိုးတယ်။ ရည်းစားရှိတဲ့ သူက သူ့ရည်းစားက စာလုပ်လို့ ဆူလိုက်ရင် လုပ်ရင် လုပ်ဦးမယ် FA တွေ Single တွေကတော့ သိတဲ့အတိုင်းပဲ။
စာမေးပွဲရှိတာ သိတယ်။ စာမရသေးတာလဲ သိတယ်။ စာလဲ လုပ်ချင်ပါရဲ့ ဒါပေမယ့် စိတ်သာပါပြီး ကိုယ်က မပါဘူး။

ဒီပြသာနာ ဘယ်လိုရှင်းမလဲ။
Motivate ရအောင် နည်းမျိုးစုံလဲ ကြိုးစားတာပဲ ခဏပဲ ပြီးတော့ ပျင်းသွားတာပဲ။

နည်းလမ်းမျဝေ ပါရစေ။

တစ်နေ့မှာ 24 နာရီရှိတယ်။
8 နာရီ သုံးပိုင်း ပိုင်းလိုက်။ တစ်ပိုင်းကို အိပ်မယ်။ကျန်တစ်ပိုင်းကို ဘာညာ ကွီကွလုပ်မယ်။ ကျန် ရှစ်နာရီကို အကျိုးရှိတာ လုပ်မယ်။
ဘာ Motivate မှ ရှိစရာမလိုဘူး။
အကျိုးရှိအောင် လုပ်မယ့် ရှစ်နာရီကို လေးပိုင်း ထပ်ပိုင်းလိုက်။ မနက် နေ့လည် ညနေ ညဆိုပြီး။
ပြီရင် မနက်ပိုင်းမှာ ကြိုက်တဲ့ နှစ်နာရီကို ကျက်စာကျက်။
နေ့ခင်းပိုင်းနှစ်နာရီကို လွယ်တဲ့ဟာလေးတွေ ရွေးလုပ်။ ညနေ နှစ်နာရီကို တွက်စာလေးတွေ တွက်။ည နှစ်နာရီကို စာပြန်နွေး။

အိုကေ ထပ်ပြီးတော့ ကိုယ် စာလုပ်မယ့် နစ်နာရီ ကို တစ်နာရီခွဲတစ်ပိုင်းနဲ့ နာရီ ဝက်တစ်ပိုင်း ထပ်ပိုင်း။

တစ်နာရီခွဲ စာလုပ်ပြီးတိုင်း ကိုယ် အရမ်း လုပ်ချင်တဲ့ အလုပ်တစ်ခု။ Wattpad သုံးတာပဲဖြစ်ဖြစ် Facebook သုံးတာပဲဖြစ်ဖြစ် သီးချင်းနားထောင်တာပဲဖြစ်ဖြစ် လုပ်ပစ်။

စာလုပ်ရုံနဲ့ ပင်ပန်းတယ်ဆိုတာမရှိဘူး။
ရိုးအိသွားလို့သာဦးနှောက်က ပင်ပန်းသွားတာ။
ဒါကြောင့်မို့ တစ်နာရီခွဲလောက် စာလုပ်ပြီးတိုင်း ကိုယ် ကြိုက်တဲ့ ဟာလေးနာရီဝက်လောက် လုပ်ပေးလိုက်။ ဦးနှောက် ပြန် လန်းဆန်းသွားမယ်။

ဒီနည်းအတိုင်း လေးရက်လောက်ပဲ လုပ်ကြည့်။

စာမေးပွဲအတွက် Ready ဖြစ်စေရမယ်။

ဟဲဟဲ
စာမေးပွဲ ဖင်ထဲ ဝင်နေသည့် ဆဲဆဲ Motivate ပေးပါဟု လာတောင်းနေသော ကလေးများအား Motivate မဟုတ်သော Motivate ပေးအပ်လိုက်သည်။

စမ်းကြည့်ကြပါကုန်။

#Motivate အတွက် ကတော့

"မင်း စာမေးပွဲ ရလာဒ် မကောင်းတဲ့အခါ မင်းကို မလိုမုန်းထားတဲ့သူတွေက ကျေနပ်ပျော်ရွှင်လိမ့်မယ်။

မင်း စာမေးပွဲ ရလာဒ် ကောင်းတဲ့အခါ မင်းကို မလိုမုန်းထားသူတွေက ကြိတ်ပြီး မကျေမနပ် ဒေါသထွက်နေလိမ့်မယ်။

အချိန်တွေ ရှိပါသေးတယ်။
မင်းရဲ့ ပြိုင်ဘက်တွေ ဝမ်းသာအောင်မလုပ်ပါနဲ့

မင်းရဲ့ ပြိုင်ဘက်တွေကို ဂုဏ်ယူစွာ အနိုင်ရအောင် ကြိုးစားလိုက်ပါ။

#ပြိုင်ဘက်မရှိတဲ့ အေးဆေးသမားများအတွက်

မှန်ပါတယ် စာမေးပွဲက မင်းအတွက် အရေးကြီးတဲ့အထဲ မပါဘူး ။ Grade ကောင်းဖို့အတွက်လဲ မလိုပါဘူး။ ဒါပေမယ့် လိုတာတစ်ခုရှိပါတယ်။ ဒါက ဘာလဲဆိုတော့ စာမေးပွဲ အောင်ဖို့ပါ။ Grade ကောင်းဖို့ မလိုပေမယ့် အောင်ဖို့တော့ လိုပါလိမ့်မယ်။ ဒါကြောင့် အောင်မှတ် သေချာတဲ့အထိ စာအရင်လုပ်ပါ။သေချာပြီးဆိုမှသာ မင်းလုပ်ချင်တာ လုပ်ပါ။
One Night One  subဆိုပြီး အချိန်ကိုစောင့်မနေပါနဲ့။ အားနေတဲ့အချိန်မှာ အပျင်းပြေပဲဖြစ်ဖြစ် စာလုပ်ကြည့်ပါ။









ကောင်မလေးတွေဖတ်ဖို့Where stories live. Discover now