အပြစ်မတင်နဲ့တဲ့။အျပစ္မတင္ပါနဲ႕

2.1K 249 15
                                    

#unicode

အပြစ်မတင်နဲ့တဲ့။


ကိုယ့်ကိုကိုယ်လဲအပြစ်မတင်နဲ့၊ တစ်ပါးသူကိုလဲ အပြစ်မတင်နဲ့တဲ့။ဒီနေရာမှာ ကိုယ့်ကိုကိုယ် အပြစ်တင်တတ်တဲ့သူကတော့ရှားပါတယ်။ အများအားဖြင့် လူတွေရဲ့သဘာဝက သူများရဲ့အပြစ်ကိုပဲမြင်တတ်ကြတယ်။ကိုယ့်အပြစ်ကိုကျ အပြစ်လို့မမြင်တတ်ဘူး ။ ကာထားကြတတ်တယ်။ လောကမှာ အလွယ်ကူဆုံးအလုပ်က သူများကိုအပြစ်တင်တဲ့အလုပ်ပဲတဲ့။လွယ်ကူလွန်းတဲ့အတွက်ကြောင့် ဘာမှကို သိပ်မစဉ်းစားတော့ပဲ သူ့ကိုအပြစ်တင်လိုက်.. ငါ့ကိုအပြစ်တင်လိုက်နဲ့ လုံးလည်ချာလည် လိုက်နေတတ်တယ်။


အပြစ်တင်လိုက်ခြင်းကြောင့် ရရှိလာတဲ့ဆိုးကျိုးတွေကို မကြည့်တော့ဘူး။တကယ်တော့ အပြစ်တင်လိုက်ပြီဆိုတာနဲ့ ပထမအရေးအကြီးဆုံးက ဆက်ဆံရေး အဖုအထစ်ဖြစ်သွားနိုင်ပါတယ်။ဘယ်လောက်ပဲခင်မင်ရင်းနှီးနေတဲ့သူဖြစ်ပါစေ..ကိုယ့်ကို အပြစ်လာတင်တဲ့အခါ... အဲ့လူကို မကျေမနပ်ဖြစ်မိမှာပါပဲ။ သူကျ ဘယ်လောက်တော်နေလို့လဲ။ အလကားပါ.. သူများကိုပဲ လိုက်အပြစ်ရှာနေတဲ့သူဆိုပြီး တစ်ဖက်ကလဲ..စိတ်ထဲကနေ ပြန်ပြီး အပြစ်တင်နေမှာပဲ။


အဲ့အခါမှာ သူတို့၂ယောက်ကြားမှာ အဆင်ပြေတဲ့ဆက်ဆံမှုဟာ ပြိုကွဲသွားမှာပဲ.. နောက်တစ်ခုက...အပြစ်တင်ခံလိုက်ရတဲ့အခါ...ခံလိုက်ရသူဟာ နဂိုထက်ပိုပြီး ညံ့သွားတတ်တယ်။ ငါအသုံးမကျလို့ ဒီလို အပြစ်တင်ခံရတာ...ငါ မတော်လို့ ဒီလို အပြစ်တင်ခံရတာဆိုပြီ...နှစ်ခါ ကိုယ့်ကိုကိုယ် အပြစ်တင်လိုက်တယ်။အဲ့လို ကိုယ့်ကိုကိုယ် အပြစ်တင်တဲ့ အရေအတွက်တွေ... ကိုယ့်ကိုကိုယ် အသုံးမကျပါဘူးလို့ ပြောမိတဲ့အရေအတွက်တွေများလာတဲ့အခါ..သေချာပေါက် ကိုယ့်ရဲ့လုပ်နိုင်စွမ်းတွေဟာ ကျဆင်းလာတာကိုတွေ့ရတယ်။


စကားရဲ့ စွမ်းအားလို့ပဲပြောရမလား။ တစ်ခါ နပန်းပွဲတစ်ခု ယှဉ်ပြိုင်တော့...တစ်ဖက်လူက သူ့ရဲ့ ပြိုင်ဘက်သမားကို ပွဲမစခင်.. စကားတစ်ခွန်းပြောလိုက်တယ်။မင်းရဲ့အားနည်းချက်ကို ငါသိတယ်။သေချာပေါက် ဒီပွဲမှာ မင်းရှုံးလိမ့်မယ် ဆိုပြီးတော့ပေါ့။တစ်ဖက် ကစားသမားက ပြိုင်ပွဲဝင်နေတဲ့အချိန်မှာ အဲ့စကားကိုပဲ သူ အထပ်ထပ် ကြားနေမိတယ်။ သူ့စိတ်ထဲမှာ...တကယ်ပဲ..ငါ့အားနညးချက်ကို သူသိနေတာလား။ငါတကယ်ပဲ ရှုံးတော့မှာလား။ ငါတော်တော်အသုံးမကျတာပဲ..စသဖြင့်...အပြစ်တင်ခြင်းစကားတွေက သူ့ရဲ့ တိုက်ခိုက်ခြင်း စွမ်းရည်တွေကို ကျဆင်းစေခဲ့တယ်။တကယ်လဲပဲ အဲ့ပွဲမှာ သူရှုံးနိမ့်ခဲ့ပါတယ်။

ကောင်မလေးတွေဖတ်ဖို့Where stories live. Discover now