Copyကိစ္စ

3.1K 505 8
                                    

Ren တို့ မိန်းကလေးတွေမှာလဲ ယောကျာ်းလေးတွေလိုပဲ ပြိုင်ဆိုင်ရမှုတွေရှိပါတယ်။
ကျောင်းစာမှာပဲဖြစ်ဖြစ်....  ဗဟုသုတပိုင်းမှာပဲဖြစ်ဖြစ်....အလှအပ မှာပဲဖြစ်ဖြစ်.....အလုပ်ခွင်မှာပဲ ဖြစ်ဖြစ် ပြိုင်ဘက်တွေရှိနေတတ်ပါတယ်။ယုတ်စွအဆုံး စာရေးတဲ့နေရာမှာပဲဖြစ်ဖြစ် ပြိုင်ဆိုင်မှူတွေရှိနေတတ်ပါတယ်
ဒီနေရာမှာ အလီဘာဘာ ကုမ္ပဏီသူဌေး ကြီးရဲ့ အကြံပေးစကားလေးနဲ့ ပြိုင်စေချင်ပါတယ်။

"You should learn from your competitor but never copy. Copy, and you die."

"မင်းရဲ့ ပြိုင်ဘက်ဆီက အားသာတဲ့ အချက်တွေကို လေ့လာပါ။ မှတ်သားပါ။ သင်ယူပါ၊ ဒါပေမယ့် သူ့ပုံစံအတိုင်းတော့ လိုက်ကူးမချပါနဲ့။ သူ့ပုံစံအတိုင်း လိုက်လုပ်မိတဲ့နေ့မှာ မင်း ကျရှုံးတဲ့နေ့ပဲ။"

ပြိုင်ဘက်အတိုင်း လိုက်မလုပ်ပဲ အတုယူစရာရှိတာ ယူပြီး ကိုယ့်ပုံစံအတိုင်း
ကိုယ် တီထွင်ဖန်တီးဖို့ပါပဲ။

ကမ္ဘာပေါ်မှာ အကောင်းမွန်ဆုံး Copy သမားရယ်လို့ ချီးမွမ်းတာ မကြားဖူးသေးပါဘူး။

နောက်ပြီး copy ဘယ်လောက်ကောင်းကောင်း
ကိုယ့်ဟန် ကိုယ့်ပုံစံလောက် မကောင်းနိုင်ပါဘူး။

Original is the best form of Successပါ။
ကိုယ့်ပုံစံအတိုင်း ကိုယ်လုပ်ခြင်းဟာ အောင်မြင်ခြင်းရဲ့ပုံစံပါပဲ။

ကောင်မလေးတွေဖတ်ဖို့Where stories live. Discover now