ကိုယ့်ကို အနိုင်ကျင့်ရင်

2.8K 426 14
                                    

ကောင်မလေးတွေဖတ်ဖို့ ထဲက CMT တစ်ခုသွားတွေ့တယ်။

ကိုယ့်ကို အနိုင်ကျင့်ရင် ဘယ်လိုလုပ်ရမလဲတဲ့။

တကယ်တော့ အနိုင်ကျင့်တယ်ဆိုတာ
ကိုယ်ပျော့ ညံ့လို့ အနိုင်ကျင့်ခံရတာ ရှိသလို…

အခြေအနေနဲ့ အချိန်အခါကို လိုက်ပြီးအနိုင်ကျင့်ခံရတာလဲရှိတယ်။

ပထမ ဖြစ်စဉ် ကိုယ် ပျော့ညံ့လို့ အနိုင်ကျင့်ခံရတာနဲ့ ပတ်သတ်ပြီး နည်းလမ်းရှိတယ်။

ကိုယ်ပျော့ညံ့လို့ အနိုင်ကျင့်ခံရ ရင်
ကိုယ့်ကို ကိုယ် သန်မာအောင်လုပ်ပါ။

စိတ်ဓာတ်ရေးရာရော ခန္ဓာကိုယ်ပိုင်းပါသန်မာအောင်လုပ်။ စိတ်ဓာတ်သန်မာဖို့ဆို စိတ်ခွန်အားပေးတဲ့ စာတွေဖတ်။ ခန္ဓာကိုယ် သန်မာဖို့ဆို လေ့ကျင့်ခန်းလေးတွေ ပုံမှန် လုပ်ပေး။

ကိုယ့်ကို အနိုင် လာယူ ရင် မသိသလိုနေပါ။ မသိသလိုနေတဲ့အတွက် အနိုင်လိုချင်တဲ့သူ ကြောင်တောင်တောင် ဖြစ်သွားပါလိမ့်မယ်။
တစ်ခါတစ်လေ ကျရင် ပေါက်ကွဲပြလိုက်ပါ။

တချို့လူတွေက ကိုယ် ငြိမ်ခံတယ်ဆိုပြီး လုပ်ချင်တိုင်းလုပ်နေကြတာ။ တစ်ခါတစ်လေ ကိုယ်ဟာ ဘာဆိုတာကိုလဲ သိသွားအောင် ပေါက်ကွဲပစ်ပါ။ 

ဒီကမ္ဘာမှာ ဘယ်သူကမှ ဘယ်သူ့ကို အနိုင်ကျင့်ရမယ်ဆိုတဲ့ သတ်မှတ်ချက်မရှိပါဘူး။ ဒါကြောင့်လဲ အနိုင်ကျင့်ခံတဲ့သူတွေကို ရွေးပြီး အနိုင်ကျင့်ကြတာပါပဲ။ ငါ့ကျမှရွေးပြီး အနိုင်ကျင့်တယ်လို့ မတွေးပါနဲ့သူတို့ အနိုင်ကျင့်လို့ မရအောင် ကိုယ့်က်ု က်ုယ် စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်နေပါစေ
ပျော့ညံ့တဲ့သူအတွက် နေရာ ကျဉ်းမြောင်းလှတယ်။

ဒုတိယ ဖြစ်စဉ် အတွက်ကတော့ သည်းခံပါလို့ပဲ ပြောချင်တယ်။ သည်းခံပြီး ကိုယ် လုပ်စရာရှိတာကိုသာ လုပ်ပါ။ ထပ်လောင်းပြီး …ကိုယ့်ကိုအနိုင်ကျင့်နေတဲ့သူထက် သာလွန်အောင်လုပ်ပါ။ သူ့ထက်သာသွားရင် ကိုယ့်ကို အနိုင်မကျင့်ရဲတော့ပါဘူး။

အိုကေ။
စမ်းကြည့်။
ဖြေတာ နောက်ကျသွားတာ ခွင့်လွှတ်။
ကိုယ် အခုမှ တွေ့လို့ပါ။




ကောင်မလေးတွေဖတ်ဖို့Where stories live. Discover now