Love yourself

5.2K 739 20
                                    

အချိန်အများစုမှာ ကိုယ်တို့ဟာ
သူတစ်ပါးကိုပဲ ကြည့်နေမိပြီး ကိုယ့်ကို ကို ကြည့်ဖို့ မေ့နေခဲ့ကြတယ်။

သူ ချောတယ်။ သူ လူချစ် လူခင် များတယ်။
သူ စာတော်တယ်။ သူ ကြိုးစားတယ်။ သူ အောင်မြင်တယ်။ စသည် စသည်ဖြင့် အချိန် အများစုကို သူများကို ကြည့်ပြီး ကုန်ဆုံးတတ်ကြတယ်။

ကုန်ဆုံး ယုံတင်လားဆိုတော့ အဲ့ဒါနဲ့တင် မလုံလောက်သေးပဲ ကိုယ့်ကို ကိုယ်ပြန် နှိုင်းယှုဉ်လိုက်တယ်။

ငါကျတော့ သူ့လောက် မချောဘူး။
ငါ့ကျတော့ သူ့လောက် မတော်ဘူး။
ငါ့ကျတော့ သူ့လောက် ……ဆိုပြီး
ကိုယ့်ကို အဆိပ်ဖြစ်စေမယ့် အဆိပ်ရေတွေကို
ကိုယ့်ကို ကိုယ် ပြန်တိုက်နေကြတယ်။

အဆိုးမြင်ဝါဒီပေါ့။
ပြည့်ပြည့်စုံစုံထပ်ပြော ရ ရင် မိမိကိုယ့်ကို အဆိုးမြင်ခြင်း ။

ဟုတ်ပြီ။
အဆိုးမြင်လိုက်ပြီးဆိုတော့ ဘာကောင်းကျိုးရသွားလဲ။
မခံချင်စိတ်ဖြစ်ပြီး ကြိုးစားမိသွားသလား။

80% ကတော့ နိုးပါ။
မခံချင်စိတ်ဖြစ်ပြီး ကြိုးစားမယ့်အစား
ကိုယ်တို့ အားငယ်သွားလိမ့်မယ်။

ငါက အဲ့လောက်တောင် အသုံးမကျရလား
ငါ့ကံက အဲ့လောက် ဆိုးသလားဆိုပြီး
ထပ်ဆင့် အဆိုးတွေပဲ တွေးလာလိမ့်မယ်။

ကိုယ့်ကို ကိုယ်မကောင်းမြင်နေတဲ့သူက
ပျော်ရွှင်နိုင်ပါ့မလား။

ကျွန်တော်တို့ ခင်ဗျားတို့ မပျော်ရွှင်ရခြင်း အကြောင်းတရားတွေထဲမှာ

ကိုယ့်ကိုကိုယ် အဆိုးမြင်ခြင်း
ကိုယ့်ကို ကိုယ် မလေးစားခြင်း
ကိုယ့်ကို ကိုယ် တန်ဖိုး မထားခြင်းတွေ က
အဓိက အခြေခံ အကြောင်းတရားတွေပါပဲ။

ပျော်ရွှင်ချင်ရင်
ကိုယ့်ကို ကိုယ် ချစ်ခင်ပါ။
တန်ဖိုးထားပါ။ လေးစားပါ။

ကိုယ်ဟာ အားလုံးနဲ့ မတူပဲ တစ်မူထူးခြားပြီး
တန်ဖိုးရှိတဲ့သူဆိုတာ  ကိုယ့်ကို ကိုယ် သိအောင်
လုပ်ပါ။ ဘယ်သူ့ကိုမှ သက်သေပြစရာမလိုပါဘူး။
ကိုယ့်ကို ကိုယ်ပဲ သက်သေပြလိုက်ပါ။

နောက်ဆက်တွဲ အနေနဲ့
ယုံကြည်မှု ရှိုခြင်း
အောင်မြင်ခြင်းနဲ့
ပျော်ရွှင်ခြင်းတွေ
လိုက်လာပါလိမ့်မယ်။

ကောင်မလေးတွေဖတ်ဖို့Where stories live. Discover now