လူငယ်များသို့

3.1K 519 9
                                    

Gary K.Searle ရဲ့ လူငယ်တွေကိုပေးတဲ့အကြံညဏ်များကို ဘာသာပြန်ထားဖြည့်စွတ်ထားခြင်းဖြစ်ပါသည်။

လူငယ်တွေကို ကျွန်တော်ပေးချင်တဲ့အကြံညဏ် တွေရှိပါတယ်။

No1.
ဘယ်တော့မှ လေ့လာသင်ယူခြင်းကို မရပ်တန့်လိုက်ပါနဲ့။ ကျောင်းစာအပြင် ပြင်ပ ဗဟုသုတ ပြင်ပ ပညာ အသစ်တစ်ခုခုကို အမြဲလေ့လာနေပါ။  ဘာသာစကားအသစ်သင်တာပဲဖြစ်ဖြစ်။ ရေကူးသင်တာပဲဖြစ်ဖြစ်။ အချက်အပြုတ် သင်ယူတာပဲဖြစဖြစ် ။ ကျောင်းစာနဲ့ မဆိုင်တဲ့ ပညာအသစ်တွေကို သင်ယူပါ။ ကျောင်းစာတစ်ခုတည်းမှာပဲ လမ်းမဆုံးပါနဲ့။

No2
ကိုယ့်ကို ကိုယ် ရင်းနှီးမြှပ်နှံပါ။ လူငယ်တွေမှာ
ရင်းနှီးမြှပ်နှံစရာဆိုလို့အချိန်နဲ့ မိမိကိုယ်ကိုယ်ပဲရှိပါတယ်။  ငယ်ရွယ်စဉ်မှာ မိမိကိုယ့်ကို ညှာတာပြီး သက်တောင့်သက်တာနေတဲ့အခါ ကြီးလာတဲ့အခါ သူများခိုင်းဖက် ဖြစ်သွားပါလိမ့်မယ်။ဒါကြောင့် မိမိကိုယ်ကို မညှာမတာခိုင်းစေပါ။
ရင်းနှီးမြှပ်နှံပါ။

No3
အချိန်ကို အကျိုးရှိစွာသုံးပါ။ တစ်ရက်ပြီးတစ်ရက်တော့ အချိန်တွေက ကုန်ဆုံးပျောက်ပျယ်သွားမှာပါပဲ။
ကုန်ဆုံးပျောက်ပျယ်သွားရကျိုး နပ်အောင် မိမိရဲ့ အချိန်ကို စနစ်တကျ နှမြော တသ နဲ့ သုံးစွဲပါ။
ငွေမရှိသေးတဲ့ လူငယ်တွေအတွက် အချိန်ဟာ ပိုက်ဆံပါပဲ။

No4
ကျန်းမာရေးကို ဂရုစိုက်ပါ။
ဘယ်လောက်ပဲငွေတွေရှိရှိ ဘယ်လောက်ပဲ ကျော်ကြားပါစေ ကျန်းမာရေးမကောင်းရင် မပျော်ရွှင်နိုင်သလို ထို အရာတွေကိုလဲ ကောင်းကောင်းမခံစားနိုင်ပါဘူး။

No5.
အိပ်မက်တွေက်မသတ်ပစ်ပါနဲ့။
အိပ်မက်ဆိုတာ အကောင်အထည်ဖော်ဖို့ပါ။
အိမ်မက်ဆိုတာ မျှော်လင့်ချက်ပါ။
ဘယ်အကြောင်းအရာကြောင့်နဲ့မှ အိပ်မက်ကို သေဆုံးခွင့်မပေးပါနဲ့။
အိပ်မက်နဲ့ ပတ်သတ်ပြီး မာနရှိပါ။ တင်းခံပါ။
ရအောင် အရွဲ့တိုက်ပြီးတော့ပဲဖြစ်ဖြစ် အရယူပါ။

No6.
ချစ်ခြင်းတရားကို တန်ဖိုးထားပါ။
မိသားစု သူငယ်ချင်း ချစ်သူ အားလုံးအပေါ် ချစ်ခင်ကြင်နာပါ။ အောင်မြင်မှုနောက်ကို လိုက်ပြီး
ချစ်ခြင်းတရားကိုသတ်ပစ်လိုက်တာမျိုးလဲ မဖြစ်ပါစေနဲ့။

No7
ကိုယ့်ကို ကိုယ်တန်ဖိုးထား မြတ်နိုးပါ။ အသိအမှတ်ပြုပါ။ဘယ်တော့မှ တခြားတစ်ယောက်နဲ့ မနှိုင်းယှဉ်မိပါစေနဲ့။
နှိုင်းယှဉ်လိုက်ခြင်းဟာ ကျွန်ခံလိုက်ခြင်းသဘောပါပဲ။
ကိုယ် သူ့ထက် ညံ့တယ်လို့ ပြောလိုက်ခြင်းပါပဲ။

No8
ဘဝကို ပျော်ပျော်နေပါ။ အထူးသဖြင့် လူငယ်ဘဝဟာ စိတ်ဓာတ်ကျနေရမယ့် အရွယ်မဟုတ်ပါဘူး။ ပန်းတိုင်ကို တက်ကြွစွာ လျှေုာက်လှမ်းရမယ့်အချိန်ပါ။
ငွေရှိတယ်။နာမည်ကျော်ကြားတယ်။လိုတရ ရနေပေမယ့်လဲ ဘဝကိ နေမပျော်ဘူးဆိုရင် အဓိပ္ပါယ်မရှိပါဘူး။ ဒါကြောင့် တစ်သက်မှာ တစ်ခါပဲ ရတဲ့ဘဝကိုမြတ်နိုးပါ။တန်ဖိုးထားပါ။ ချစ်ပေးပါ။

ကောင်မလေးတွေဖတ်ဖို့Where stories live. Discover now