Overlord~~1

16.9K 676 51
                                    

***Zawgyi***

Korea နိုင်ငံရဲ့ ထိပ်တန်း ယောကျာ်းလေး သီးသန့်ကျောင်း ကြီးတစ်ခုဖြစ်သော
Eldorado ကျောင်းကြီးမှာ ရှုပ်ထွေးစည်ကားလွန်းသော လူအများနှင့်အတူ လှပစွာ ပြင်ဆင်ထားသော အခင်းအကျင်းများကြောင့် အထူးနေ့တစ်ခုမှန်းမြင်ရုံနှင့်ပင် သိသာလွန်းလှသည်။

မှန်သည် ယနေ့ကား Eldorado ကျောင်းကြီး ၏နှစ်ပါတ်လည်နေ့ပင်...

ကျောင်းတော်ကြီးရဲ့ ( 18 ) နှစ်မြောက် နှစ်ပါတ်လည်နေ့

Baekhyun သည်လဲ Eldorado ကျောင်းမှ အလယ်တန်း ကျောင်းသားတစ်ယောက်ပင်ဖြစ်သည်။

CB gp ရဲ့တစ်ဦးတည်းသော သားဖြစ်ပြီး ချမ်းသာကြွယ်ဝ
သော်လဲ သူငယ်ချင်းကတော့ဖြင့်တစ်ဦးတစ်
ယောက်မှမရှိပါချေ....

ဒီနှစ်မှပြောင်းလာခဲ့သောEldorado ကျောင်းတော်ကြီးဟာလဲ Baek အတွက်တော့ အစိမ်းသက်သက်သာ

" Hey မင်းက တို့အခန်းကမဟုတ်လား "

ခပ်လှမ်းလှမ်းက လှမ်းအော်လိုက်သူက Baek ကို
အသေအချာကြည့် အော်လိုက်တာမို့ Baek အားတက်သွားကာ ခပ်သွက်သွက် လျှောက်လာခဲ့လိုက်ပြီး

" Omm ငါ မင်းတို့အခန်းကပဲ "

" ဒါဆို လာလေ ဘာလို့တစ်ယောက်တည်းရပ်နေတာလဲ မပျင်းဘူးလား "

" ဒီမှာ ငါနဲ့ သိတဲ့လူ သိပ်မရှိလို့ပါ "

" လာ ဒီမှာလာထိုင် ခဏနေရင် ငါ့ သူငယ်ချင်းတွေလာရင် မိတ်ဆက်ပေးမယ် "

" ကျေးဇူးပါ "

Baek တစ်ယောက် အဖော်ရပြီ မို့ဝမ်းသာသွားမိသည်။

ခဏကြာတော့ သူ့ကို လှမ်းခေါ်တဲ့ အသစ်စက်စက် သူငယ်ချင်း Hun Min အပြင် Hun Min ရဲ့သူငယ်ချင်းနှစ်ယောက်ပါ ထပ်ရောက်လာကာ သူတို့တွေ စကားပြောကြရင်းအစားအသောက်များစားဖြစ်ကြတယ်

" Hey ပွဲပြီးတော့မယ်ကွ မီးရှူးမီးပန်းဖောက်ကြရအောင်"

" မီးရှူးမီးပန်း? "

" Ommလေ မင်းမသိဘူးလား "

" သိပါတယ် တစ်ခါမှမဖောက်ဖူးလို့ "

Baekစကားကြောင့် Hun Min သူငယ်ချင်းတွေက Baek ကိုသနားစရာ သတ္တဝါလေးလို ကြည့်ကာဝိုင်းရယ် ကြတော့သည်။

*Overlord*Where stories live. Discover now