Overlord~~8

4.1K 410 86
                                    

***Zawgyi***

"ငါနဲ့တွဲရအောင် Sehun"

တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်မှာ
ထွက်ပေါ်လာတဲ့သူ့အသံက
တိုးလျလွန်းပေမဲ့ ကျွန်တော့်နားထဲမှာတော့
ကျယ်လောင်လွန်းလှတယ်

"ငါ့ကိုနောက်နေတာလား Baek?"

"ငါစနောက်တာ မင်းမြင်ဖူးလို့လား Sehun?"

Baek စကားကြောင့် ကျွန်တော်ယောင်ယမ်းပြီး
ခေါင်းခါပြလိုက်မိသည်။

ကျွန်တော်တို့စတွေ့ကတည်းကအခုချိန်ထိ
Baek ကဘယ်သူကိုမှမစနောက်ခဲ့ဖူးသည်ဘဲ...

အဲ့တာဆို သူတကယ်ပြောနေတာပေါ့နော်??

"အဲ့တာဆို...အဲ့တာဆို...မင်းတကယ်ပြောနေတာလား?
ငါနဲ့တွဲရအောင်ဆိုတာလေ"

"အင်းလေ...ဘာလဲ မတွဲချင်ဘူးလား?
အဲ့တာဆိုလဲ စောစောကစကားကို ပြန်ရုတ်သိမ်းလိုက်တော့မယ်"

သူ့စကားကြောင့် ကျွန်တော့်မှာပြာပြာသလဲ
တားရပြန်သည်။

ဒီစကားကိုကြားရဖို့ ဘယ်လောက်တောင်စောင့်ခဲ့ရလဲ...

5 နှစ်လား
10 နှစ်လား
ဟင့်အင်း အဲ့ထက်များတယ်
10 ကျော်စောင့်ခဲ့ရပြီးမှ ရလာတဲ့အဖြေလေးကို
လွယ်လွယ်နဲ့တော့ ပြန်ရုတ်သိမ်းမခံနိုင်ပါလေ

"ပြန်တော့မရုတ်သိမ်းလိုက်ပါနဲ့ Baek ရယ်...
ကိုယ်က ရုတ်တရပ်ကြီးဆိုတော့ အိပ်မက်မက်နေတာလားလို့
မယုံနိုင်ဖြစ်နေလို့ပါ"

"အိပ်မက်ဟုတ်မဟုတ်သိချင်ရင်
ငါတစ်ချက်လောက်ရိုက်ပေးရမလား?"

"Nonono ရတယ် ရတယ် အိပ်မက်မဟုတ်မှန်း
ယုံတယ်"

လက်ကိုအတင်းကာ ငြင်းနေတဲ့
ကျွန်တော့်ပုံစံက ရယ်စရာတော့ကောင်းနေလိမ့်မယ်

ဒါပေမဲ့ Baek လက်သံဘယ်လောက်ပြောင်လဲ
ကျွန်တော့်သာအသိဆုံးလေ

ကျွန်တော့်ပုံစံကိုကြည့်ပြီး
သူခပ်ဟဟရယ်သည်။

"အဲ့တာဆို ကိုယ်တို့နှစ်ယောက်ချစ်သူတွေ
ဖြစ်သွားပြီပေါ့နော်"

"အင်းပေါ့"

"ဟား...ဝမ်းသာလိုက်တာ Baek ရယ်
ကိုယ်...ကိုယ်ဝမ်းသာလို့သေတော့မှာဘဲ"

*Overlord*Where stories live. Discover now