Overlord~~31

3.5K 370 71
                                    

***Zawgyi***

လေတဖြူးဖြူးတိုက်ခတ်နေတဲ့ ဝရံတာမှာ
တလက်လက်တောက်ပနေတဲ့ကြယ်တွေကိုငေးမောရင်း
ကျွန်တော် အတွေးနယ်ချဲ့နေမိသည်။

လမင်းကြီးကလဲထိန်ထိန်သာလို့
ကောင်းကင်ကို လှပစွာအလှဆင်နေလေရဲ့....။

လှပလွန်းတဲ့လမင်းကြီးကို
သဘောကျမိတာမို့ ပိုင်ဆိုင်ချင်ပေမဲ့လဲ
ဒါဟာစိတ်ကူးယဉ်မှုတစ်ခုမျှသာ....

လမင်းကြီးဆိုတာ မဟူရာကောင်းကင်ကြီးရှိမှ
ပိုတောက်ပပြီး သူ့အလှပိုပေါ်လွင်လိမ့်မည်လေ

လမင်းနဲ့မဟူရာကောင်းကင်ဆိုတာ
အလိုက်ဖက်ဆုံးတွဲဖက်မှုတစ်ခုဘဲမလား

ဒီလိုပါဘဲ
ငယ်ကလမင်းဖြစ်မယ်ဆို
Sehun ကမဟူရာကောင်းကင်ကြီးသာ

ကိုယ်ကတော့ လမင်းကြီးကိုပိုင်ဆိုင်ချင်လွန်းလို့
နေ့တိုင်းအဝေးကနေသာငေးကြည့်နေရတဲ့
မြေပြင်က ကလေးတစ်ယောက်သာသာပါဘဲ

မင်းကိုကိုယ်သိပ်နှစ်သက်တယ်
သိပ်မြတ်နိုးတယ်
ဒါပေမဲ့ ကိုယ့်မှာငေးကြည့်ရုံဘဲတတ်နိုင်တယ်လေ
ပိုင်ဆိုင်ဖို့ဆိုတာ ဖြစ်မှမဖြစ်နိုင်တာဘဲ

လမင်းလေးက ပိုင်ဆိုင်ဖို့အခွင့်အရေးပေးရင်တောင်
မဟူရာကောင်းကင်မှာလှပနေတဲ့သူ့အလှကိုမပျက်စေချင်တာမို့ ကလေးလေးကစွတ်ခူးလိမ့်မှာမဟုတ်ဘူး

လမင်းလေး လှပနေတာကို
အဝေးကထိုင်ကြည့်နေရရင်ဘဲ
ပျော်ရွှင်နေသူမို့လေ

အေးစက်နေတဲ့ ဆောင်းညရဲ့ လေညှင်းကိုလျစ်လျူရှုလို့
လမင်းလေးကိုသာ ထိုင်ငေးနေမိသည်။

ကိုယ်ပေါ် စောင်တစ်ထည်က လွှမ်းခြုံလာတာမို့
မော့ကြည့်မိတော့ Jongin ကကျွန်တော့်ဘေးရောက်နေလေရဲ့....

"ဒီလောက်အေးနေတာကို စောင်လေးတော့ယူသွားသင့်တယ်လေ Chanyeol"

Jongin ကပြောပြီး ဘေးကခုံမှာဝင်ထိုင်လိုက်ကာ
ကျွန်တော့်နည်းတူ ကောင်းကင်ကြီးကိုမော့ကြည့်လာသည်။

"ငါ ခဏနေဝင်တော့မှာမို့ စောင်ဝင်မယူတော့တာ"

ကျွန်တော့်စကားကို ခေါင်းညိမ့်ရုံသာ ညိမ့်ပြရင်း
Jongin ကကောင်းကင်ကိုသာမော့ကြည့်နေသည်။

*Overlord*Where stories live. Discover now