Overlord~~3

6.1K 541 45
                                    

***Zawgyi***

"သခင်လေး... Baekhyun ကသူကျောင်းဆက်တက်ချင်တယ်လို့ပြောပါတယ်...ပြီးတော့သူက ချမ်းသာချင်တယ်တဲ့
အကြောင်းက...."

"ရပြီ Suho hyung မပြောနဲ့တော့
ကျွန်တော်အကုန်ကြားခဲ့ပါတယ်"

"သခင်လေး...ကျွန်တော်ဘာဆက်လုပ်ရမလဲ?"

"သူ့ကိုနိုင်ငံခြားမှာကျောင်းဆက်တက်ခွင့်ပေးလိုက်ပါ
ဒီမှာဆို Omma သူမသေမှန်းသိသွားရင် သူ့အတွက်အန္တရာယ်ရှိတယ်"

"နိုင်ငံခြား?? သခင်လေးဖြစ်ပါ့မလား? သူက လက်စားချေချင်စိတ်အရမ်းပြင်းပြနေတာလေ"

Suho hyung စကားကြောင့် ကျွန်တော်ခပ်ရဲ့ရဲ့ပြုံးမိပါရဲ့...

ငါတို့မိသားစုကိုလက်စားချေချင်တယ်ဆိုရင် ငါတို့မိသားစုထက်ချမ်းသာနေမှဖြစ်မှာကောင်လေး...

အဲ့တာကြောင့် အောင်မြင်ပြီး ငါတို့မိသားစုထက်ချမ်းသာအောင်ကြိုးစားပါ...

ငါကမင်းအောင်မြင်မှုရဖို့အနည်းငယ်ဘဲ ကူညီပေးနိုင်လိမ့်မယ်
နောက်ထပ်ကြိုးစားမှုကတော့မင်းနဲ့ဘဲသက်ဆိုင်တယ်လေ

တောင်းပန်ပါတယ်
ငါ့omma ကြောင့် မင်းမိဘတွေကိုဆုံးရှုံးခဲ့ရလို့...

"ကျွန်တော့်သူငယ်ချင်း Sehun ရဲ့အကိုက ဂျပန်မှာနေတာ
Wu gp ရဲ့ CEO... ကျွန်တော်နဲ့လဲအတော်လေးခင်တယ်
သူက Baekhyun ကိုတာဝန်ယူပေးမယ်တဲ့...
အဲ့တာကြောင့် ဆေးရုံဆင်းလို့ရပြီဆိုတာနဲ့ Baekhyun ကိုဂျပန်ပို့လိုက်ပါ....သူမေးရင်တော့ သူ့ကို Wu gp ကမွေးစားလိုက်တာလို့ဘဲပြောလိုက်ပါ Hyung"

"ကျောင်းစရိတ်ကရော Wu gp ကဘဲထောက်ပံ့ပေးမှာလား သခင်လေး?"

"မဟုတ်ဘူး Hyung....ကျွန်တော်ပေးမှာ"

"ဟင်?! သခင်လေးကဘယ်လိုပေးမှာလဲ? သခင်လေးလဲခုထိကျောင်းသားဘဝဘဲရှိသေးတာကို"

"Aww hyung ရယ် ကျွန်တော့်မှာစုထားတဲ့ပိုက်ဆံတွေအများကြီးရှိတာသိသားနဲ့..."

"အင်းပါ အဲ့တာဆို Hyung အမြန်ဆုံးစီစဉ်လိုက်ပါ့မယ်"

ကျွန်တော့်ကိုလူတွေကရူးနေလားထင်ကောင်းထင်နိုင်တယ်

*Overlord*Where stories live. Discover now