Overlord~~14

3.8K 356 47
                                    

***Zawgyi***

ရှိသမျှအလုပ်တွေကိုဖျက်လို့
Suho hyung ကိုကိုယ်တိုင်လာကြိုမိသည်။

Hyung ကိုတွေ့ချင်တာကြာပြီလေ
ပြီးတော့အကြာကြီးနေမှပြန်လာတဲ့ Hyung ကို
ကျွန်တော်ကိုယ်တိုင်လာကြိုမှကောင်းမှာပေါ့

လေယာဉ်ဆိုက်ဖို့အချိန်လိုသေးတာကြောင့်
ကျွန်တော်ဖုန်းသုံးရင်း ခဏထိုင်စောင့်နေလိုက်တယ်

"Chanyeol ဟိုတစ်ယောက်က Baekhyun ရဲ့
အတွင်းရေးမှူးမလား?"

"ဘယ်တစ်ယောက်လဲ Hyung"

အနားကပ်ပြောတဲ့ Chen hyung
စကားကြောင့် ကျွန်တော်သူညွှန်ပြရာကိုကြည့်လိုက်မိသည်။

ဟုတ်သည်။
အနက်ရောင် suit အပြည့်
ချောမောတဲ့ရုပ်ရည်နဲ့
ပါးပြင်မှာထင်းနေတဲ့ပါးချိုင့်လေးတစ်ခုက
တစ်ခါတွေ့ဖူးရုံနဲ့မှတ်မိနိုင်သည့်ရုပ်ရည်ရှိတဲ့
ငယ့်ရဲ့အတွင်းရေးမှူး YiXing ဆိုသူပင်...

အတွင်းရေးမှူးက ငယ့်အနားမှာမနေဘဲ
ဒီကိုဘာလာလုပ်ပါလိမ့်...

ကျွန်တော်စိုက်ကြည့်နေမိ၍ထင်သည်
သူကျွန်တော့်ကိုတွေ့သွားတယ်လေ

ကျွန်တော့်ကိုမြင်တဲ့သူက
ကျွန်တော့်ဆီလျှောက်လာရင်း
လာနှုတ်ဆက်တယ်...

အင်း...ဖော်ရွေတတ်တဲ့သူတစ်ယောက်ပင်

"CEO Park မတွေ့ရတာတောင်ကြာပြီနော်
ကျွန်တော့်ကိုမှတ်မိလားမသိဘူး?"

အပြုံးတစ်ခုနဲ့နှုတ်ဆက်လာပါတဲ့သူ...
သူ့ရဲ့ချိုသာတဲ့အပြုံးတွေက
မိန်းကလေးသာဆို အရည်ပျော်ကျသွားလောက်သည်။

"မှတ်မိပါတယ် ငယ့်ရဲ့အတွင်းရေးမှူးမလား?"

"ဟုတ်တယ်ဗျ....ဒါနဲ့ CEO Park ကဒီကိုဧည့်သည့်လာကြိုတာလား?"

"ဟုတ်တယ် အတွင်းရေးမှူး YiXing ကရော
ဧည့်သည်လာကြိုတာဘဲလား?"

"ဆိုပါတော့...အရေးကြီးတဲ့သူတစ်ယောက်ပါ"

စကားစပြတ်သွားပြန်သည်။

လေယာဉ်ချိန်ကလိုသေးတာမို့
အတွင်းရေးမှူး YiXing ကလဲကျွန်တော့်နားမှာသာ
ထိုင်စောင့်နေတယ်လေ

*Overlord*Where stories live. Discover now