Overlord~~11

4.1K 367 50
                                    

***Zawgyi***

အိမ်မှာ Baek ကိုစောင့်ရင်း
သူကြိုက်တဲ့ဟင်းတွေချက်နေမိသည်။

Baek ကိုကိုယ်တိုင်ချက်ကျွေးချင်တာကြောင့်
အိမ်အကူအဒေါ်ကြီးတွေကို
တစ်ယောက်မှမီးဖိုချောင်နားမကပ်နဲ့လို့မှာထားလိုက်တယ်

ဂျပန်မှာနေတုန်းက ဟင်းချက်သင်တန်းတက်ဖူးတာကြောင့်
နည်းနည်းပါးပါးတော့ချက်တတ်တယ်လေ

အခုတလော Baek မျက်နှာကသိပ်မကောင်းလှ...
ဘာစိတ်ညစ်စရာတွေရှိလို့လဲမသိ
အမြဲတမ်းတမှိုင်မှိုင်တတွေတွေဖြစ်နေတတ်သည်။

မေးရင်လဲ ဘာမှမဟုတ်ပါဘူးလို့သာ
ပြန်ဖြေတတ်တဲ့သူ့ကြောင့်
အနည်းငယ်တော့စိတ်မကောင်းဖြစ်ရသည်။

မင်းရဲ့လျှို့ဝှက်တတ်တဲ့အကျင့်ကိုသိပေမဲ့
မောင့်ကိုတော့ ဘာမှမလျှို့ဝှက်ဘဲ
ပွင့်ပွင့်လင်းလင်းရှိပေးလို့မရဘူးလား...

Baek ရဲ့မပွင့်လင်းမှုတွေကြောင့်
မောင်နဲ့ Baek ဝေးကွာနေသလိုခံစားနေရတယ်ကွာ

ဘာစိတ်ညစ်စရာတွေများရှိလို့လဲ Baek ရယ်...
အခုတလောမျက်နှာလေးပါ ချောင်ကျသွားတယ်သိလား

စိတ်ပူလွန်းလို့
မောင်ရူးရတော့မယ်

ချစ်ရသူရဲ့မျက်နှာလေးတစ်ချက်ညိုးတာနဲ့
မောင့်ရင်ထဲတော့ အက်စစ်နဲ့ပက်လိုက်သလို
တဆစ်ဆစ်နာကျင်ရစမြဲ...

မင်းလေးမျက်နှာမှာ
အမြဲတမ်းအပြုံးလေးတစ်ပွင့်ရှိနေဖို့သာ
မောင်မျှော်လင့်တာပါ

မင်းပျော်ရင် မောင်ပါပျော်တာမို့....

အ့~~~

အတွေးလွန်သွားတာမို့ ဆီပူအိုးကိုကိုင်မိပြီး
လက်အပူလောင်သွားရသည်။

သိပ်တော့မများပေမဲ့
နည်းနည်းတော့နာနေတယ်

နာတာကိုခဏနောက်ထားလို့
ထမင်းဝိုင်းကိုပြီးအောင်ပြင်ဆင်လိုက်သည်။

ခဏနေ Baek ပြန်ရောက်တော့မယ်လေ...
ရုံးဆင်းချိန်ရောက်ပြီမလား

ထမင်းဝိုင်းအဆင်သင့်ဖြစ်မှ
အပူလောင်သွားတဲ့လက်ကို
ဆေးထည့်ပြီး Baek အလာကိုမျှော်နေလိုက်သည်။

*Overlord*Onde histórias criam vida. Descubra agora