Overlord~~16

3.9K 444 159
                                    

***Zawgyi***

မိဘတဲ့ဂေဟာလေးတစ်ခုမှာ
စစ်မှန်တဲ့အပြုံးတစ်ခုကို မျက်နှာထက်ချိတ်ဆွဲလို့
ကျွန်တော်ပျော်ရွှင်နေမိသည်။

ဒီနေ့ကကျွန်တော့်ရဲ့မွေးနေ့လေ...

ကျွန်တော့်ရဲ့စိတ်သဘောအတိုင်း
မိဘမဲ့ဂေဟာမှာ လာလှူတာ...

ဒီအလှူအတွက်ကတော့ ဘာမှစိတ်မရှုပ်ချင်တာမို့
Media တွေမသိအောင်သာ တိုးတိုးတိတ်တိတ်လှူမိသည်။

လူတွေရှုပ်နေတာကို ကျွန်တော်တကယ်ပင်
သဘောမကျလှ...

ညကျရင်လဲ ပါတီပွဲတက်ရဦးမည်။

ဟူး....ဘာလို့မှန်းမသိ
စိတ်ထဲအတော်လေးနေမိတယ်

အရင်ကလဲဒ်ီလိုပါတီပွဲတွေကို
သွားချင်တဲ့စိတ်မရှိပေမဲ့ အခုကဆိုးဆိုးဝါးဝါးကိုစိတ်ကမတက်ချင်ဖြစ်နေတာ

ပွဲမှာဘာမှအတိမ်းအစောင်းဖြစ်ခံလို့မဖြစ်ဘူး...

ဘာလို့ဆို Media တွေရဲ့မျက်လုံးပေါင်းများစွာ
ရှိနေတဲ့ ဒီပွဲမှာတစ်ခုခုသာအတိမ်းအစောင်းဖြစ်သွားကြည့်
သတင်းကသာမန်ထက်ကိုပိုပြီးပြန့်သွားမှာလေ

ဘာမှမဆိုင်ပါဘဲ ငယ် ဆိုတဲ့နာမ်စားလေး
စိတ်ထဲဝင်လာတာမို့ ပြုံးလိုက်မိတယ်

ပါတီကို ငယ်ကတော့ဖျက်ဆီးမှာမဟုတ်လောက်ပါဘူး
ဒီပါတီကသာမန်ပါတီမှမဟုတ်ဘဲ
ကျွန်တော့်မွေးနေ့ပါတီမို့
ငယ်ကမရက်စက်လောက်ဘူးမလား

ဒီကမ္ဘာပေါ်မှာ ဘယ်သူမှငယ့်ကိုမယုံရင်တောင်
ကျွန်တော်ယုံတယ်

ငယ်ဟာရက်စက်တတ်တဲ့သူတစ်ယောက်မှ
မဟုတ်တာဘဲ

ဒါပေမဲ့ ကျွန်တော်ထင်သလို
ဖြစ်မလာခဲ့ရင်ရော...

တစ်လနီးပါး ကျွန်တော့်ကိုနာကျင်မှုတွေမပေးဘဲ
လက်စားချေဖို့ကိုမလှုပ်ရှားဘဲ
နူးညံ့လွန်းနေတဲ့ငယ်ဟာ
ဒီနေ့မှာကျွန်တော့်ကို နင်းချေကောင်း နင်းချေနိုင်တယ်မလား

ကျားရဲတစ်ကောင်ငြိမ်နေတယ်ဆိုတာ
သားကောင်ချောင်းနေတာဘဲလေ

ငယ်ငြိမ်နေတာဟာလဲ
ကိစ္စကြီးကြီးတစ်ခုကိုလုပ်ဖို့ ကြံစည်နေတယ်ဆိုတာ
ကျွန်တော်သတိထားမိပါရဲ့....

*Overlord*Where stories live. Discover now