Overlord~~20

3.9K 406 162
                                    

***Zawgyi***

အမှားတစ်ခုကိုလုပ်ပြီးတဲ့အခါ
လူတိုင်းနောင်တရတတ်ကြတယ်
ဒါပေမဲ့ ကျွန်တော်နောင်တမရမိဘူးဆိုရင်
ကျွန်တော့်ကိုအသည်းနှလုံးမရှိတဲ့သူလို့ထင်လေမလား

ကျွန်တော်ပြေးထွက်လာခဲ့မိတယ်

Suho hyung ပြောတဲ့စကားတွေက
နားထဲပဲ့တင်ထပ်နေတာမို့
ကားကိုအရှိန်အပြင်းဆုံးမောင်းရင်း သူတို့နဲ့ဝေးရာကို
ပြေးထွက်လာခဲ့မိတယ်

မျက်ရည်တွေက ကျွန်တော့်အမြင်အာရုံတွေကို ဖုံးအုပ်နေတာကြောင့် အရှေ့မြင်ကွင်းကိုသေချာမမြင်ရ...

အဲ့တာတောင်
ကျွန်တော်အရှိန်မလျှော့ဘဲ ဆက်မောင်းနေမိတာ

ဘယ်ကိုဦးတည်နေလဲ
ကျွန်တော့်ကိုယ်ကျွန်တော်မသိတော့

အသိစိတ်ဝင်လာတဲ့အချိန်ကားရပ်လိုက်မိတော့
ဟန်မြစ်ဘေးရောက်နေတာဘဲ

"အားးးးး ဘာလို့လဲ!!
ဘာလို့ငါ့ကိုမှလဲ!!!"

ဒုန်း!! ဒုန်း!! ဒုန်း!!!

ကားစီတီယာတိုင်ကို ထုရိုက်ရင်း
အော်ဟစ်လိုက်မိသည်။

အမှန်တရားတွေက
ကျွန်တော့်ကိုတုန်လှုပ်ခြောက်ခြားစေတယ်

ဒါပေမဲ့ အဲ့အမှန်တရားတွေကြောင့်
နောင်တမရဘူးဆို
ကျွန်တော်လွန်လား??

ဟင့်အင်း ကျွန်တော်ကတော့လွန်တယ်လို့မထင်ဘူး

Park Chanyeol ကကျွန်တော့်အသက်ကို
ကယ်ခဲ့တာမှန်တယ်
ဒါပေမဲ့ သူ့အမေကကျွန်တော့်မိဘတွေကိုသတ်ခဲ့တာလေ

အဲ့အတွက်တော့သူပြန်ပေးဆပ်သင့်တယ်မလား
အတုံ့အလှည့်ဆိုတာတော့ရှိတာဘဲ

ပျော်တယ်
ကျွန်တော့်လက်စားချေမှုတွေအောင်မြင်တဲ့အတွက်
အရမ်းကိုပျော်ရွှင်မိပါတယ်

Omma...Appa...
အခုကျွန်တော် လက်စားချေနိုင်ခဲ့ပြီ
ကျေနပ်ပြီမလားဟင်
ကျွန်တော်တော်တယ်မလား
Omma တို့အတွက်အကောင်းဆုံးလက်စားချေပေးနိုင်ခဲ့တယ်

အခုချိန်လောက်ဆို Omma တို့ကိုသတ်ခဲ့တဲ့သူရဲ့သား
သေတာထက်ဆိုးတဲ့နာကျင်မှုတွေနဲ့ရှင်သန်နေရပြီလေ

*Overlord*Where stories live. Discover now