Overlord~~4

5.2K 453 19
                                    

***Zawgyi***

"Sky gp ကတွေ့ဆုံဖို့ကိုငြင်းဆိုလိုက်ပါတယ် CEO park"

"ငြင်းလိုက်တာလား?"

Chen စကားကြောင့်
ကျွန်တော်အနည်းငယ်မျှတွေဝေသွားမိပါ၏

ကျွန်တော့်ကိုသူတွေ့ချင်မယ်ထင်ခဲ့တာ
ဘာလို့များငြင်းပါလိမ့်...

"ကျွန်တော်ဘာဆက်လုပ်ရမလဲ CEO park"

"နှစ်ယောက်တည်းရှိတဲ့အချိန် Chanyeol လို့ဘဲခေါ်ပါဆို
Hyung ရာ"

"အင်းပါ Chanyeolရာ"

မိဘဆွေမျိုးဆိုတာမရှိတော့တဲ့ ကျွန်တော့်အတွက်
သံယောဇဉ်ထားစရာဆိုလို့
ကျွန်တော့်ရဲ့အတွင်းရေးမှူးလဲဖြစ်
အကိုတစ်ယောက်လိုလဲဖြစ်တဲ့ Chen hyung
တစ်ယောက်သာရှိသည်။

လုပ်ငန်းခွင်မှာတော့ CEO park လို့သူခေါ်ပေမဲ့
အခြားအချိန်တော့ Chanyeol လို့သာခေါ်စေတယ်

"Sky gp နဲ့အဆင်မပြေရင် ဂျပန်မှာရုံးခွဲဖွင့်လို့မရနိုင်ဘူးလား Hyung?"

"လုံးဝမရတာတော့မဟုတ်ဘူး
ခက်ခဲတော့ခက်ခဲလိမ့်မယ်"

"ဘယ်လောက်ခက်ခဲခက်ခဲလုပ်ကြည့်တာပေါ့"

"အဲ့တာဆို Byun Baekhyun နဲ့တွေ့ရအောင်
မကြိုးစားတော့ဘူးလား?"

ကျွန်တော့်ကိစ္စအားလုံးကိုသိနေတဲ့
Chen hyung ရဲ့ပထမဆုံးအမေးစကားပါလေ

"အင်း ခက်ခဲတာကိုဘဲလုပ်ကြည့်ချင်တယ် Hyung"

"အခုမင်းပြောနေတာက မင်းစိတ်နဲ့များပြောင်းပြန်ဖြစ်နေသလား....
သူလက်စားချေခွင့်ရအောင်တောင် မင်းထောက်ပံ့ပေးခဲ့တာလေ"

"ကျွန်တော်သိပါတယ်
ဒါပေမဲ့ သူ့ကိုလွယ်လွယ်နဲ့လက်စားချေခွင့်မပေးဘူး Hyung"

ကျွန်တော့်ကို တကယ်ထူးဆန်းတဲ့
လူတစ်ယောက်လို့ ထင်ကောင်းထင်နိုင်တယ်

လက်စားချေခွင့်ရအောင်
ကြိုးစားထောက်ပံ့ပေးခဲ့ပြီးမှ
လက်စားချေခွင့်မပေးဘူးဆိုတဲ့
ကျွန်တော့်စကားက အရမ်းကိုထူးဆန်းနေမှာအမှန်...

ဒါပေမဲ့
လူတွေက အလွယ်တကူရယူလို့ရတဲ့အရာနဲ့
ခက်ခက်ခဲခဲကြိုးစားပြီးမှရလာတဲ့အရာ
ဘယ်အရာကိုပိုတန်ဖိုးထားကြလဲ??

*Overlord*Where stories live. Discover now