Overlord~~17

3.4K 373 50
                                    

***Zawgyi***

Suho တို့ပါတီရှေ့ရောက်တော့
ရဲကားတွေတန်းစီလို့နေသည်။

"ဘာဖြစ်တာလဲ Xing
ရဲတွေကဘာလို့ဒီရောက်နေတာလဲ"

"ကိုယ်လဲမသိဘူးလေ သွားကြည့်ရအောင်"

ကားပေါ်ကအမြန်ဆင်းလို့
ခန်းမထဲပြေးဝင်လာခဲ့မိသည်။

အထဲတောင်မရောက်သေး
တွေ့လိုက်ရတဲ့မြင်ကွင်းက ရင်နာဖွယ်ရာ

လက်ထိပ်တန်းလန်းနဲ့
ရဲတွေခေါ်ရာနောက်ပါလာတဲ့ Chanyeol...

ပါးပြင်နှစ်ဖက်မှာ မျက်ရည်စီးကြောင်းအထင်းသားနဲ့
နာနာကျင်ကျင်မျက်ဝန်းတွေ...

တောင်းပန်ပါတယ် Chanyeol ah...

Hyung တို့အလာကောင်းပေမဲ့
အခါနှောင်းသွားခဲ့ပြီထင်ပါရဲ့....

"Chanyeol....ဘယ်လိုဖြစ်ရတာလဲ?"

Chanyeol ဆီအမြန်သွားလို့
မေးလိုက်မိသည်။

ကျွန်တော့်ကိုမြင်တော့
သူပြုံးပြပြန်တယ်

ကျေးဇူးပြုပြီးမပြုံးပါနဲ့လား Chanyeol ah...

မင်းဘယ်လောက်နာကျင်နေလဲ Hyung သိတာမို့လို့
ကျေးဇူးပြုပြီးဟန်ဆောင်မပြုံးပါနဲ့
မင်းပိုနာကျင်ရမှာပေါ့....

"ရှယ်ယာအလွဲသုံးစားမှုတဲ့ Hyung"

"ဘာ!!!! မင်းကဘာရှယ်ယာကိုအလွဲသုံးစားလုပ်ရမှာလဲ
မဖြစ်နိုင်တာတွေ!!"

ကျွန်တော်ဒေါသထောင်းခနဲထွက်သွားမိသည်။

Chanyeol မိဘတွေထားခဲ့တဲ့ပိုင်ဆိုင်မှုတွေက
သူ့တစ်သက်စားမကုန်နိုင်အောင်များတာကို
သူကရှယ်ယာအလွဲသုံးစားလုပ်မည်တဲ့လား

အဓိပ္ပါယ်မရှိတာဘဲ!!

"ငယ် အမှုဖွင့်တာတဲ့"

ကျွန်တော့်ဆီသူ့အကြည့်တွေမရှိဘဲ
Baekhyun ဘက်ကိုခပ်တွေတွေစိုက်ကြည့်လို့
ပြောလာတဲ့သူ့စကား....

"Hyung ရှေ့နေခေါ်ပေးမယ်
မင်းကိုချက်ချင်းပြန်ထွက်လို့ရအောင် Hyung စီစဉ်ပေးမယ်
Chanyeol ah...
ခဏလေးဘဲစောင့်ပေးနော်"

"မလုပ်ပါနဲ့ Hyung
ကျွန်တော့်ကံနဲ့ကျွန်တော်သာရှိပါစေတော့
ကျွန်တော့်ဘက်ကဘာမှမလုပ်ချင်ဘူး
ဖြစ်လာသမျှကိုဘဲ လက်ခံလိုက်ပါတော့မယ်"

*Overlord*Where stories live. Discover now