Overlord~~12

3.9K 378 56
                                    

***Zawgyi***

တောင်တန်းတွေကြား ငုတ်လျှိုးဝင်သွားခဲ့တဲ့
နေမင်းကြီးလဲ ပြန်လည်ပေါ်ထွက်လာခဲ့သလို

မဲမှောင်နေတဲ့တိမ်မဲများလဲကင်းစင်ကာ
ကောင်းကင်ပြာကြီးတစ်ဖန်ထွက်ပေါ်ခဲ့လေပြီ

မိုးလင်းလာတာနဲ့အညီ
ကိုယ့်အလုပ်ကိုယ်လုပ်ကြရန်အတွက်
လူများလဲနိုးထကြရပြီ

ဒါပေမဲ့ အခန်းတစ်ခန်းထဲရှိ အဝတ်ဗလာနဲ့
ကောင်လေးနှစ်ယောက်ကတော့
ညကပင်ပန်းထားမှုကြောင့် အခုထိမထကြသေး...

စူးရှလွန်းတဲ့နေရောင်ရဲ့ မျက်လုံးကိုထိုးဟပ်မှုကြောင့်
Baekhyun အရင်နိုးလာခဲ့သည်။

ညကသောက်ထားတဲ့အရှိန်ကြောင့်
ခေါင်းကိုက်နေသည်ထင်....
လက်ညိုးနဲ့လက်မကိုသုံးကာ
နထင်ကိုဖိကိုင်ထားတယ်လေ

အခုထိ သူ့ဘေးမှာနှစ်ခြိုက်စွာအိပ်မောကျနေတဲ့
Chanyeol ကိုမမြင်သေး...
ခေါင်းကိုက်တာကိုသာအာရုံရောက်နေလေရဲ့

"အား....ညကဘယ်လောက်တောင်သောက်လိုက်မိလို့
ဒီလောက်တောင်ခေါင်းကကိုက်နေရတာလဲ?"

"ညက??ဟင်!!!! Omma!!!!"

အခုမှသတိရဟန်
အခန်းကိုဘေးဘီကြည့်ရင်း
သူ့ဘေးမှာအိပ်ပျော်နေတဲ့ Chanyeol တွေ့တော့
ထအော်တော့သည်။

ဆူညံပြီး လှုပ်လှုပ်ရွရွဖြစ်နေတဲ့ Baekhyun ကြောင့်
Chanyeol နိုးလာခဲ့သည်။

အိပ်ချင်မပြေသေးတာကြောင့်
မျက်လုံးကိုမနည်းဖွင့်နေရတယ်...

ဘေးကိုကြည့်လိုက်မိတော့
ကျွန်တော့်ကိုစားမတတ်ဝါးမတတ်စိုက်ကြည့်နေတဲ့
ငယ့်ကြောင့် အိပ်ချင်နေတဲ့မျက်လုံးပင်ပြူးသွားရသည်။

"ငယ် ဘာဖြစ်လို့လဲ?"

အ့~~

ရုတ်တရပ်ထထိုင်လိုက်တာမို့
ခန္ဓာကိုယ်အောက်ပိုင်းတစ်နေရာက စူးခနဲ....

နာကျင်မှုကြောင့် ရှုံ့မဲ့သွားတယ်မျက်နှာကို
အမြန်ပြင်လိုက်ကာ ငယ့်ကိုမေးရသေးသည်။

အကြည့်တွေကဘာဖြစ်နေရတာလဲ ငယ်ရယ်....

"ငယ် ဘာဖြစ်လို့လဲဟင်? တစ်ခုခုဖြစ်လို့လား?"

*Overlord*Waar verhalen tot leven komen. Ontdek het nu