Overlord~~6

4.5K 422 31
                                    

***Zawgyi***

ရေမရှိတဲ့အရပ်မှာ
ငါးလေးတွေအသက်ရှင်ဖို့ခက်ခဲသလို...

လေမရှိတဲ့အရပ်မှာ
ငှက်ကလေးတွေအသက်ရှင်ဖို့်ခက်ခဲတယ်...

အဲ့လိုဘဲ
မင်းမရှိတဲ့အရပ်မှာ
ကိုယ်ရှင်သန်ဖို့ခက်ခဲတယ် Baek...

ကိုယ်နဲ့ Chanyeol ဟာ
မတူညီတဲ့နေရာ မတူညီတဲ့အချိန်တစ်ခုကို
မင်းကိုချစ်မိခဲ့ကြတယ်

ဒါပေမဲ့ ကိုယ်ကြိမ်းသေပြောရဲတယ် Baek...
ကိုယ့်ရဲ့အချစ်က Baek အပေါ်
နှိုင်းစရာမရှိအောင် ကြီးမားသလို
Chanyeol ရဲ့မင်းလေးအပေါ်ထားတဲ့စိတ်ကလဲ
အဲ့ထက်တော့လျော့မှာမဟုတ်ဘူး....

သူဒီနေ့ကိုယ့်ကိုပြောခဲ့တယ်
မင်းကိုပိုင်ဆိုင်အောင်ကြိုးစားပါတဲ့လေ

Hkhk အဲ့အရူးရဲ့မျက်ဝန်းထဲက
မျက်ရည်စတွေနဲ့ နာကျင်မှုတွေကို
ကိုယ်မမြင်ဘူးများသူထင်နေလေရော့သလား...

သူမင်းအပေါ်ထားတဲ့အချစ်ကို
ကိုယ်ချီးကျူးမိပါရဲ့...

သူပြောသလို ကိုယ်မင်းကိုပိုင်ဆိုင်ခွင့်ရအောင်
ကြိုးစားပါရစေ Baek...

တစ်ဖက်ကအရှုံးပေးလို့
ကိုယ်ကအတ္တကြီးစွာအနိုင်ယူတာမဟုတ်ဘူးနော်

ကိုယ်နဲ့Chanyeol နဲ့ပြိုင်ရမယ်လို့်ထင်တဲ့ကစားပွဲတခုမှာ
Chanyeol ကအစကတည်းကအရှုံးပေးပြီးသားမို့
ကိုယ်အနိုင်ယူရမှာပါ..

ကစားပွဲဆိုတာအရှုံးနဲ့အနိုင်ဘဲရှိတယ်မလား

တကယ်လို့ကိုယ်အနိုင်မယူခဲ့ဘဲ
Baek ကိုပိုင်ဆိုင်ရအောင်ကိုယ်မကြိုးစားခဲ့ရင်တောင်
တစ်နေ့ကျ Baek ကိုပိုင်ဆိုင်ရမဲ့သူပေါ်လာမှာပါဘဲ

ကိုယ်ဒီတစ်ခုတော့အတ္တကြီးမယ်

အဆုံးသတ်မှာမင်းကိုပိုင်ဆိုင်ရတဲ့သူက
ကိုယ်နဲ့ Chanyeol နှစ်ယောက်ထဲတစ်ယောက်ဘဲ
ဖြစ်ရမယ်

သူများလက်ထဲမင်းကိုအပါမခံနိုင်တာ
ကိုယ့်ရဲ့ဖြူစင်တဲ့အတ္တပါ Baek...

ပျော်ပျော်နေတတ်ပြီး
အရာရာကိုအလေးမထားတတ်တဲ့ကိုယ့်အကျင့်ကြောင့်
မင်းအပေါ်ထားတဲ့အချစ်ကိုပါအလေးမထားဘူးမထင်လိုက်ပါနဲ့....

*Overlord*Where stories live. Discover now