Ep #2#

43K 1.3K 22
                                    

......"."...."

ကျောင်းသားဖြစ်​သည့်​အတွက်​ အ​နောက်​တိုင်းဝတ်​စုံ​တော့မရှိ​လေတဲ့ကျွန်​​တော့အဖို့မှာ​တော့ တီရှပ်​လက်​တို အနက်​​ရောင်​ခပ်​နွမ်းနွမ်း​လေးဖြင့်​ ဂျင်းဒူးပြဲ Sky Blue ဖြင့်​တွဲဖက်​၀တ်​ဆင်​လိုက်​ပြီး အ​ပေါ်ထက်​အဖြစ်​ လိ​မ္မော်​​ရောင်​ဖြငိ့အနက်​​ရောင်​တို့အားကွက်ထားသည့်​ ရှပ်​အင်္ကျီလက်​ရှည်​အားထပ်​၍၀တ်​ကာ လုံးလုံးက​လေးဖြစ်​​နေသည့်​ဆံပင်​​လေးအားပို၍ကြည့်​​ကောင်း​စေရန်​ လက်​နှစ်​ဖက်​ဖြင့်​သပ်​တင်​လိုက်​ကာ...

"Aigoo Byun BaekHyun ​ဟေ့​ကောင်​ မင်းအရမ်းပြည့်​စုံသွားပြီ...အလုပ်​ကို သွားကြစို့...hajar hajar Fighting "

ကိုယ့်​ကိုယ်​ကို အား​ပေးလိုက်​ရင်း အဖွားအတွက်​ နံနက်​စာ ​နေ့လည်​စာတို့အားပြင်​ဆင်​​ပေးလိုက်​ပြီး...

"Ms.Byun BaekBaek အလုပ်​သွား​တော့မယ်​​နော်​...စားပွဲ​ပေါ်မှာ နံနက်​စာနဲ့​နေ့လည်​စာအတွက်​ပြင်​ဆင်​​ပေးထားခဲ့တယ်​​နော်​...."

အိမ်​​ရှေ့ဖိနပ်​ချွပ်​တွင်​ ဖိနပ်​ကြိုးချည်​လိုက်​ရင်း ​ကြားနိုင်​သည့်​အ​နေအထားထိ အသံမြင့်​၍​ပြောလိုက်​ကာ.. ​ဘေးတွင်​ချထားသည့်​ ​တစ်​လုံးတည်း​သောအဖိုးတန်​ ​ကျောပိုးအိတ်​​လေးအား ​ကောက်​လွယ်​ကာ ......

ပေါ့ပါးလို့​နေသည့်​​ခြေလှမ်းတို့ဦးတည်​ရာသည်​ အိမ်​နှင့်​အလှမ်း​ဝေးလွန်းသည့်​ Bus မှတ်​တိုင်​​လေးရှိရာဆီသို့ဦးတည်​လို့.....

Bus မှတ်​တိုင်​​ရောက်​ရှိ​လေပြန်​​တော့လဲ မှတ်​တိုင်​တွင်​ရုံးချိန်​မို့ထင်​ပါရဲ့​ဗျာ ၀န်​ထမ်း​တွေကပြည့်​ကြပ်​လို့

ကျွန်​​တော်​စီးရမည့်​ 461 ဆိုသည့်​ Bus ဆိုက်​​ရောက်​လာ​လေ​တော့အတင်းတိုးကြိတ်​၍မနည်းတက်​ခဲ့ရ​လေ၏....

ကုမ္ပဏီ ရှိရာဆီသာအမြန်​​ရောက်​ရန်​ဆု​တောင်း၍သာ​နေမိသည့်​အထိ ရပ်​ရသည့်​​နေရာ​လေးသည်​ ​ခြေ​ထောက်​တစ်​​ချောင်းပင်​ ​ကောင်း​ကောင်းချရပ်​၍မရနိုင်​ ဂင်​ချီ သိပ်​​နေသည့်​အလား ကျွန်​​တော့ခန္ဓာကိုယ်​က အရိုး​တွေအသား​တွေပင်​ တစ်​စစီပြုတ်​ထွက်​ကုန်​သည့်​အလား...

{ Infinitely Loved } (Complete)(zawgyi & Unicode)Where stories live. Discover now