Ep #13#

29.5K 1K 36
                                    

......

Oh SeHun ဆိုသည့်​ Doctor ​ပြောပြချက်​အရ။

ကောင်​​လေးက ပုစွန်​နဲ့မတည့်​ဘူးတဲ့။

ကျွန်​​တော်​မှားသွားခဲ့ပြီ။

ကောင်​​လေး၏အ​ခြေအ​နေက A'B'C' ထဲမှာမှ C' အဆင့်​ရှိတဲ့အ​ခြေအ​နေတစ်​ခု။

ဘယ့်​နှယ့်​​ဗျာ ​ကောင်​​လေးကိုဆက်​ဆံဖို့​လောက်​ပဲအာရုံထား​နေမိတဲ့ကျွန်​​တော်​ ​တော်​​တော်​​လေးကို အသုံးမကျခဲ့တာပဲ။

ကောင်​​လေးက​ရော သိပါရက်​နဲ့ဘာလို့များ ကြိတ်​မှိတ်​စား​နေရတာလဲ။

ဒါကလဲ ကျွန်​​တော့ရဲ့အမိန့်​ကိုမလွန်​ဆန်​ရဲလို့ပဲ​နေမှာပါ​လေ။

ကောင်​​လေးရယ်​။

" Gomawoe Doctor "

"ရပါတယ်​ ကျွန်​​တော့ကိုအခုလို သတိတရ​ခေါ်​ပေးတာကိုပဲ ​ကျေးဇူးတင်​လှပါပြီ"

ဘာစကားလဲကွာ။

ဟူး ဘာမဟုတ်​တဲ့စကားတစ်​ခွန်းထဲနဲ့ငါ့စိတ်​​တွေကဘာ​ကြောင့်​ ဂနာမငြိမ်​ဖြစ်​​နေရတာလဲ။

"ဒါဆို ကျွန်​​​တော်​လိုက်​မပို့​တော့ဘူး​နော်​ အိမ်​​ရှေ့မှာဒရိုင်​ဘာ​စောင့်​​နေလိုက်​မယ်​ Doctor ကိုလိုက်​ပို့ဖို့"

"​နောက်​ရက်​​တွေလဲအချိန်​မှန်​လာကြို​ပေးပါ ကျွန်​​တော်​ပြန်​လိုက်​ပါဦးမယ်​"

သူတပါးအမိန့်​​ပေးတာကို ငြိမ်​ခံ​နေတဲ့အကျင့်​​တောင်​ပါ​နေပြီထင်​ပါရဲ့။

ဒါကလဲ ​ကောင်​​လေး ​ကောင်းဖို့အတွက်​ပါ​လေ။

ကောင်​​လေး​ရေ မင်း​ကြောင့်​ငါ့ဘက်​က အရာရာအ​လျော့​ပေးတက်​​နေခဲ့ပြီ။

>>>>

ကုတင်​ထပ်​မှာ ပကတိငြိမ်​သက်​စွာလှဲ​လျောင်း​နေတဲ့ ​ကောင်​​လေး။

ဒီလိုကျပြန်​​တော့လဲ အမိန့်​​ပေးတိုင်း "Nae CEO "လို့တုံ့ပြန်​တက်​တဲ့ ​ကောင်​​လေးကို လွမ်းမိရဲ့သား။

ကောင်​​လေး​ရေ ​ကျေးဇူးပြုပြီး အထီးကျန်​​နေခဲ့ရတဲ့ငါ့ဘ၀ကြီးထဲကို တဖန်​​ပြန်​​ရောက်​သွားရ​အောင်​အထိ​တော့ မင်း​လေး အိပ်​စက်​မ​နေပါနဲ့ကွာ။

{ Infinitely Loved } (Complete)(zawgyi & Unicode)Where stories live. Discover now