ep6 (Unicode)

7.2K 274 1
                                    

နူးညံ့သည့်​အိပ်​ယာ​ပေါ်၌ .......

နှစ်​ခြိုက်​စွာအိပ်​၍​နေခဲ့မိသည်​......

တစ်​စုံတရာကို ကြိုတင်​မမြင်​မသိနိုင်​ခဲ့ခြင်းအတွက်​....

ထိုက်​တန်​သည့်​အပြစ်​ဟာ.....

ဘာဖြစ်​လို့​နေမလဲ.........

~~~~~~~~~~~~6104~~~~~~~~~~~~

ရုံးခန်းအပြင်​မှမြင်​တွေ့လိုက်​ရသည့်​မြင်​ကွင်းတစ်​ခု​ကြောင့်​နှင့်​သွေးပျက်​စွာ​ခြေဦးတည့်​ရာ​ပြေးထွက်​ခဲ့သည့်​အစုံး ...

Com.၏​ခေါင်​မိုးထပ်​သို့​ရောက်​ရှိလို့လာခဲ့သည်​.....

ရက်​စက်​လွန်းသည့်​လူကြီးဟုလဲ စွပ်​စွဲရ​လေ​အောင်​လူကြီးနှင့်​ကျွန်​တော်​က......ချစ်​သူ​တွေမှမဟုတ်​လေတာ

သစ္စာမရှိတဲ့ လူကြီး ဟုလဲ​ပြောရ​လေ​အောင်​....

လူကြီးနှင့်​ကျွန်​တော်​က...ဘာသစ္စာကတိမှမပြုခဲ့ကြ​တာ...

ရုံးခန်းထဲ​တောင်​မ​ရှောင်​မိန်းမတစ်​ယောက်​နဲ့ပလူး​နေသည့်​လူကြီး၏ Sex ဆန်​ဆန်​အပြုအမှု​တွေ ....

ကျွန်​တော်​တကယ်​ရင်​နာရတယ်​လူကြီး....

လူကြီးမသိလို့ပါ....

လူကြီးအတွက်​ကျွန်​တော်​ပေးဆပ်​ခဲ့သည့်​အရာက မြူတစ်​မှုန်​လောက်​တောင်​အရာမထင်​ခဲ့ဘူးပဲ​နော်​.....

ကျွန်​တော်​နဲ့မှမဟုတ်​....ကျွန်​တော့အ​ရှေ့မှာ​ရော လူကြီးရဲ့အကွက်​လှလှ​တွေအသုံးပြုပြီး ဘယ်​နှစ်​ယောက်​နဲ့ပလူးပြီးခဲ့ပြီလဲ.....

ကျွန်​တော့ရဲ့​နောက်​မှာ​ရော ဘယ်​နှစ်​ယောက်​နဲ့ထပ်​ဆက်​ဆံဖို့စဉ်းစား​နေပြီလဲ.....

ဖြစ်​နိုင်​ရင်​မေးလိုက်​ချင်​တယ်​....

ကျွန်​တော့ရဲ့ ပထမဦးဆုံးက လူကြီးအတွက်​တစ်​ခဏတာစိတ်​ဖြေယုံအသုံးချခဲ့တာလားလို့....

ဘယ်​လို အင်​အားမျိုးနဲ့လူကြီးရဲ့ အရှုပ်​အယှက်​တွေကို လက်​ပိုက်​ပြီးကြည့်​နေနိုင်​မှာလဲ​ဗျာ......

ကျွန်​တော်​ကိုက ရူးနှမ်းခဲ့မိတာ....

မဖြစ်​နိုင်​မှန်းသိရက်​နဲ့ စိတ်​ကူး​တွေနဲ့တစ်​ယောက်​တည်းအရူးကြီးရူးနှမ်း​နေခဲ့မိတာ.....

{ Infinitely Loved } (Complete)(zawgyi & Unicode)Where stories live. Discover now