EXTRA #2#

22.4K 595 96
                                    


'လူကြီး Byunnee ​လေးနဲ့ Xiao Hun တို့အဆင်​မှ​ပြေကြရဲ့လားမသိဘူး​နော်​'

သတင်းစာတစ်​​စောင်​ကိုသာအဖက်​လုပ်​၍ဖတ်​ကာရင်​ခွင်​ထဲတွင်​လှုပ်​စိရွစိလုပ်​​နေသည့်​ကျွန်​​တော်​ အ​မောင်ြေ​ဗာင်​ဘတ်​ခ်​ဟျွန်းအားအဖက်​မလုပ်​​လေသည့်​ သမာဓိအား​ကောင်း​နေသည့်​ ပတ်​ခ်​ချန်​​ယောလ်​ ။

ည ၈ နာရီဆို​သောအချိန်​ဟာအရင်​ကဆိုရင်​ ဧည့်​ခန်းထဲမှာဖြစ်​​စေ TV ကြည့်​ရင်းတစ်​​နေ့တာပင်​ပန်းထားသမျှကို​ဖြေ​ဖျောက်​တက်​​ပေမယ့်​ ၃၉ နှစ်​ဆို​သောအသက်​အရွယ်​အရ လူကြီးအနားသာအချိန်​ပြည့်​ကပ်​​နေချင်​၍ယခုလိုအိပ်​ယာ​ပေါ်မှာပက်​လက်​လှန်​​ခြေနှစ်​​ချောင်းချိတ်​သတင်းစာကိုမျက်​မှန်​အ၀ိုင်းကြိီးတပ်​ပြီးဖတ်​​နေသည့်​အဖိုးကြီးရင်​ခွင်​ထဲအတင်းတိုးဝင်​ပွတ်​သီးပွတ်​သက်​​တွေလုပ်​ ။ လူကြီးက​တော့ကျွန်​​တော့ကိုရှိတယ်​လို့​တောင်​ထင်​ပုံမရပါ ။ အသက်​၅၀ ​ကျော်​သွား၍ဟိုစိတ်​ဒီစိတ်​​တွေပဲမရှိ​​တော့တာလား ။ ​ကောင်း​တော့​ကောင်း​ပေမယ့်​ မ​ကောင်းပြန်​ဘူး ။

လူကြ်ီးကအလုပ်​နဲ့ Byunnee ကလွဲရင်​ကျွန်​​တော့ကိုဂရုမစိုက်​​တော့သလိုခံစားရတယ်​ ။ အဲ့လိုခံစားချက်​မျိုးကြ်ီးမလိုချင်​ပါ ။ လူကြီးကျွန်​​တော့ကိုအမြဲတမ်းဂရုမစိုက်​နိုင်​ရင်​​တောင်​ညအိပ်​ချိန်​​လေး​တော့ကျွန်​​တော့ကိုအဖက်​လုပ်​ပြီးရင်​ခွင်​ထဲထည့်​​ပွေ့ဖက်​အိပ်​စက်​တာ​လေး​တော့ခံချင်​မိတာအမှန်​။ အသက်​ကသာကြီးလာတယ်​စိတ်​က​တော့ဟိုးအရင်​ကလူကြီးနဲ့စ​တွေ့ချိန်​ ၁၉ နှစ်​သား​အတိုင်းပင်​၀မ်းနည်းကာစို့တက်​လာသည့်​မျက်​ရည်​​တွေအားလူကြီးကိုမ​တွေ့​စေချင်​ပါ ။ ကျွန်​​တော်​​မေးတာကိုပင်​အဖက်​လုပ်​၍မ​ဖြေသည့်​လူကြီး ။ အရမ်းဝမ်းနည်းမိသည်​ ။ သတင်းစာကကျွန်​​တော့်​ထက်​ပိုအ​ရေးကြီး​နေသည်​ပဲ ။လူကြီးကို​ကျောခိုင်းလိုက်​ကာတစ်​ဖက်​သို့လှည့်​၍ထိန်းထားသမျှမျက်​ရည်​​တွေကိုတာကျိုးသည့်​နှယ့်​လွှတ်​ချလိုက်​​လေ​တော့သည်​ ။

{ Infinitely Loved } (Complete)(zawgyi & Unicode)Where stories live. Discover now