ep 28 (Unicode)

4.5K 121 0
                                    

........."

ချစ်​သူရှိရာအရပ်​ဆီသို့ ပျံသန်းလာသည့်​လေယာဉ်​ကြီးအားစီးနှင်​လာရာလမ်းတစ်​လျှောက်​။ ရင်​ခုန်​သံ​တွေက စည်းချက်​မညီမညာ ၀ုန်းဒိုင်းကြဲ​နေခဲ့သည်​။

ဆရာဝန်​က မ​သေချာမ​ရေလှ​သေးသည့်​မျက်​၀န်းတစ်​စုံအတွက်​ပူပန်​စွာ​ဆေးရုံကဆင်းခွင့်​မပြု​သော်​လဲ ။ တားဆီးမရနိုင်​သည့်​ကျွန်​တော့၏အရှိန်​အ၀ါတို့​ကြောင့်​နှုတ်​ဆိတ်​၍လက်​ပိုက်​၍သာ ငြိမ်​နေခဲ့ရ​လေ​တော့သည်​။

​နေကာမျက်​မှန်​တစ်​လတ်​ကိုသာ အားကိုး၍ ။​ခရမ်းလွန်​ရောင်​ခြည်​တို့ကို အံတု၍ ။ ရှိန်​ဟိုင်းသို့ အားချင်းထွက်​လာခဲ့သည်​။

ချစ်​ရသူကိုအသိမ​ပေးပဲ ထွက်​လာခြင်းကလဲ ။ သူ​လေးကို အံသြသွား​စေချင်​ယုံသပ်​သပ်သာ။

သူ​လေး ဖြစ်​သွားမည့်​မျက်​နှာထားအားအ​တွေးထဲတွင်​ပုံ​ဖော်​ရင်း ။ တစ်​ယောက်​ထဲအရူးတစ်​ယောက်​လို ပြုံးမိသည်​မှာလဲ အကြိမ်​ကြိမ်​သာ။

Oh SeHun ဆီကလိပ်​စာအား အစကထဲကသိထားသည်​မို့ ။ ကျွန်​တော့အတွက်​ကအခက်​အခဲမရှိပင်​ရှိန်​ဟိုင်းသို့​ရောက်​ရှိ​ခဲ့​လေသည်​။

ရှိန်​ဟိုင်း​လေဆိပ်​တွင်​လေယာဉ်​ဆိုက်​ဆိုက်​ခြင်း ။ TAXI ငှါး၍ ကားအ​ရောင်းပြခန်းသို့ဦးတည်​လိုက်​သည်​။

ကျွန်​တော်​သူများ​မောင်းသည့်​ကားကိုအငြိမ့်​သားထိုင်​စီးရသည်​ထပ်​။ ကိုယ်​တိုင်​မောင်းနှင်​ရသည်​ကိုသာသ​ဘောကျသူတသ်​ယောက်​ဖြစ်​သည့်​အတွက်​ကားတစ်​စီးဝယ်​ယူရန်​ဦးစွာလုပ်​ဆောင်​မိသည်​။

ကားအ​ရောင်းပြခန်းတွင်​၁၅ မိနစ်​ခန့်​အချိန်​ပေး၍ သ​ဘော​ကျ​ရွေးချယ်​ကာ ။ စာချုပ်​စာတမ်းဖြင့်​ဝယ်​ယူလိုက်​လေသည်​။

အစက​တော့​တောင်​က်ိုရီးယားနိုင်​ငံသားတစ်​ယောက်​မို့ ။ ကားအားအမည်​ပေါက်​ဖြင့်​မ​ရောင်းချချင်​ကြပါ။ Firelight Company ပိုင်​ရှင်​Mr.Park ဆိုတာသက်​သေပြမှ လက်​ခံကြသည်​လေ။

လူ​တွေလဲခက်​ပါတယ်​နော်​အဆင့်​အတန်းတယ်​လဲခွဲကြတက်​သကိုး။ ချမ်းသာတာခြင်းအတူတူ​တောင်​မှ Top 10 စရင်းဝင်​တာနဲ့ ရိုးရိုးချမ်းသာတာခြင်း​တောင်​ခွဲခြား​နေကြတာပဲ ။

{ Infinitely Loved } (Complete)(zawgyi & Unicode)Where stories live. Discover now