ep 30 (Unicode)

5.7K 126 1
                                    

အိမ်​မက်​ရှည်​ကြီးတစ်​ခုအားဖြတ်​ကျော်​၍ လူကြီးနှင့်​သား​လေးရှိရာ ပစ္စုန်​ပ္ပန်​သို့ပြန်​လို့​ရောက်​ရှိလာခဲ့ပါသည်​။

မ​မျှော်​လင့်​ပါပဲ အနာဂတ်​သို့​ရောက်​ရှိသွား​လေသည့်​အိမ်​မက်​။ အိမ်​မက်​လေးထဲတွင်​နာကျင်​စရာ​တွေနှင့်​ပြည့်​နှက်​နေခဲ့သည်​။ အိမ်​မက်​ကောင်းမဟုတ်​သည့်​အတွက်​ရုန်းထွက်​ဖို့အကြိမ်​ကြိမ်​ကြိုးစားခဲ့တယ်​။

သို့​သော်​လဲ။ မလွတ်​မြောက်​ခဲ့ပါ....။

တစ်​နေ့ ၀မ်းနည်းပက်​လက်​ငို​ကြွေး​နေသည့်​က​လေးငယ်​၏ငို​ကြွေးသံက ကျွန်​တော့အိမ်​မက်​ထဲသို့ဝင်​ရောက်​လာခဲ့သည်​။

ကျွန်​တော့အားအိမ်​မက်​ထဲမှထွက်​လာဖို့နှိုး​ဆော်​နေခဲ့သည်​။ သား​လေး Byunnee​ပေါ့။

သား​လေးပင်​မ​နေ့က၆လပြည့်​ခဲ့သည်​တဲ့​လေ ကျွန်​တော်​၆လတိုင်​အောင်​အိပ်​ပျော်​နေခဲ့တာပဲ ။လူကြီးနဲ့သား​လေးကိုပြစ်​ပြီး​တော့​ပေါ့​လေ။

သား​လေးနှင့်​လူကြီးလဲ ကျွန်​တော်​တက်​နေတဲ့​ဆေးရုံရဲ့ VVIP Room ထဲမှာပဲ​နေ​လေရဲ့ ။ တခြားသူဆိုရင်​ရမည်​မဟုတ်​သည့်​အခွင့်​အ​ရေးပဲ​လေ Firelight Company ပိုင်​ရှင်​ဖြစ်​နေတာ​ကြောင့်​သာ​ပေး​နေတာဖြစ်​မယ်​ဘာလို့လဲ ရှင်​ဟယ်​ဆေးရုံအတွက်​လိုအပ်​ချက်​တွေကို လူကြီးဖြည့်​ဆည်း​ပေးထားသည်​ကို။

ကျွန်​တော့အတွက်​က ကံ​ကောင်းခြင်းဆိုးခြင်ူကဒွန်​တွဲပြီူလာတက်​ကြတယ်​ထင်​ပါရဲ့။

ကျွန်​တော်​သတိရလာ​ပေမယ့်​၆လတိုင်​အောင်​လှဲ​လျောင်း​နေသည့်​ခန္ဓာကိုယ်​က​သွေး​ကြော​တွေပိတ်​၍ လမ်း​လျှောက်​ဖို့ခက်​ခဲ​နေပြန်​သည်​။

Wheel Chair ကိုသုံး၍​နေထိုင်​ရန်​တဖန်​ပြန်​လည်​အပြစ်​ပေးပြန်​သည်​။​ဆေးရုံမှာမ​နေချင်​တော့တာနဲ့ပဲ ဒီ​နေ့ချက်​ချင်းကိုအိမ်​သို့ပြန်​ခဲ့လိုက်​သည်​။ အပြန်​လမ်ူတွင်​ဆံပင်​ညှပ်​ဆိုင်​၀င်​၍ ဖယိုဖရဲဖြစ်​နေသည့်​ဆံပင်​တွေကို ခပ်​လုံးလုံးက​လေးဖြစ်​အောင်​ပြင်​ပြီး အိမ်​သို့တန်းပြန်​ခဲ့လိုက်​လေသည်​။

{ Infinitely Loved } (Complete)(zawgyi & Unicode)Where stories live. Discover now