ep 24 (Unicode)

4.4K 120 0
                                    


​ပြောင်းလည်းတက်​တဲ့ ကံတရားထက်​။

ရက်​စက်​တက်​သည့်​ကံကြမ္မာ ကိုပို၍​ကြောက်​ရွံမိပါသည်​။

~~~~~~~~~~

'Baby ´

'အင်း လူကြီး​ပြော​လေ ´

လူကြီးဘာ​တွေအရစ်​ရှည်​ဥိ်းမည်​လဲမသိပါ ။ အလုပ်​သွားဖို့အတွက်​အ၀တ်​အစား​ရွေး​ပေး​နေသည့်​ကျွန်​တော့အား ။ ကုတင်​ပေါ်တွင်​ခြေချိတ်​ထိုင်​၍ ။မျက်​စိ​ဒေါက်​ထောက်​ကြည့်​နေ​လေရဲ့ ။​နေရတာ​ကျောမလုံလိုက်​တာ​နော်​။

​ဗိုက်​က ဖုံးမရဖိမရတဲ့အထိ ပူ​ပေါင်းကား​နေလို့သာ ။ဖုံးရဖိရတဲ့​ဗိုက်​ဆို လူကြီးလုပ်​သမျှခံရဦးမယ်​။

ခု​တော့​ဗိုက်​လေးကယ်​သွားလို့ချမ်းသာသွားရတယ်​။

'ကဲထ အပြင်းထူမ​နေနဲ့ လူကြီး အလုပ်​သွားရမယ်​သွား​ရေချိုး​တော့​ချေ´

'ဟင့်​အင်း Baby, ဒီ​နေ့ကိုယ်​အလုပ်​မသွားဘူး´

ဟင်​လူကြီး​နေများမ​ကောင်းလို့လား ။

'မှန်းစမ်း ကိုယ်​လဲမပူပါဘူး ဘာဖြစ်​လို့လဲ လူကြီး ဘယ်​နေရာကမသက်​သာလို့လဲ´

လူကြီး နှာဖူး​ပေါ်သို့လက်​ဖ၀ါး​လေးအသာတင်​ကာ ကျွန်​တော့နှာဖူးပြင်​ပေါ်လဲ လက်​တစ်​ဖက်​တင်​၍ ကိုယ်​ပူချိန်​တိုင်းကြည့်​တော့လဲ ပုံမှန်​ပင်​။

လူကြီးဘာ​တွေဖြစ်​နေတာလဲ တစ်​ခုခုပဲ ။ ကျွန်​တော်​နှင့်​ပက်​သက်​ရင်​တောင်​တော်​ယုံအလုပ်​မပျက်​တက်​တဲ့သူက။ အခုအလုပ်​မသွားဘူးဆို​တော့ ။ အ​တော်​လေးထူးဆန်း​နေပြီ ။

'ဟင့်​အင်း ကိုယ်​ဘာမှမဖြစ်​ဘူး အကုန်​ကောင်းတယ်​Baby အနားမှာ​နေချင်​လို့်​ပါ Baby ကလဲ´

ရပ်​နေသည့်​ကျွန်​တော့အားရင်​ခွင်​ထဲထည့်​၍ အိပ်​ယာ​ပေါ်သို့လှဲချလိုက်​လေ​တော့။ အိပ်​ယာ​ပေါ်တွင်​နှစ်​ယောက်​သားဖက်​လျက်​လုံးလုံး​လေးဖြစ်​နေတာ​ပေါ့။

ရင်​ခွင်​ထဲတွင်​အသာညိမ်​ကုပ်​ကာ ။ လူကြီးကိုခါးမှတင်း​နေ​အောင်​ဆွဲဖက်​လိုက်​ပြီး ။

{ Infinitely Loved } (Complete)(zawgyi & Unicode)Место, где живут истории. Откройте их для себя