💘what if love💘

9.1K 342 18
                                    

ဆိုးလ်​မြို့​လေး၏ ည​နေခင်း​လေနု​အေး​အေး​လေး​တွေကြား ချစ်​အပြုံးချိုချို​လေး​တွေမျက်​နှာ​ပေါ်ဖြန်းပက်​ရင်း လက်​ချင်းတွဲလျက်​ လမ်း​လျှောက်​ ထွက်​လာကြသည့်​ ။

Byun Baekhyun နှင့်​ Park Chanyeol ။

ဆံပင်​ဖြူဖြူနှင့်​ ခပ်​ထူထူမျက်​မှန်​တို့ ကကိုယ်​ဆီဖြင့်​သာ ။

ဟိုတစ်​ချိန်​ကလိုလဲ ​ခြေလှမ်းကျဲကျဲတို့ဖြင့်​လဲ လမ်း​လျှောက်​ နိုင်​စွမ်းမရှိ​တော့ ။

Byun Baekhyun သည်​လဲ ဟိုတစ်​ချိန်​ကလို စွာ​တေးလန်​ ပျက်​ပျက်​လူး၍မရ​တော့ ။

အသက်​ ၇၀ ဆိုသည့်​အရွယ်​နှင့်​လိုက်​​အောင်​ အရွယ်​ကျ​နေပြီ​လေ ။

" လူကြီး ​အေးလာပြီ​နော်​ "

တုန်​တုန်​ယင်​ယင်​ဖြင့်​ နှုတ်​ဖျားမှထွက်​သည့်​စကား​လေးတစ်​ခွန်း ။

အရင်​ကလိုပဲ " လူကြီး " ဆိုတဲ့နာမ်​စား​လေးကိုသုံးနှုန်း​နေတုန်းပါပဲလား .... ။

" baby ​အေး​နေရင်​ ကိုယ့်​အ​နွေးထည်​ထပ်​၀တ်​ထားလိုက်​​လေ "

Park Chanyeol သည်​လဲ ထိုနည်းတူပင်​ အရင်​လိုသာ Baby ဟု​ခေါ်မြဲ ။

" မဟုတ်​တာ လူကြီးရယ်​ လူကြီးကအဖျားရှိ​နေတာကို ​နေ​နေ Baby သိပ်​မ​အေးပါဘူး လူကြီးအဖျားပိုတိုးသွားမှာစိုးရိမ်​လို့ "

"အင်းပါ ဒါဆိုကိုယ်​တို့အိမ်​ပြန်​ကြရ​အောင်​​လေ "

"အိမ်​မှာ ​မြေးတို့လဲ ပြန်​​ရောက်​ကြ​ရော​ပေါ့ "

"ဟုတ်​ပါရဲ့ စားစရာ​လေး​တွေပါဝယ်​သွားကြရင်​မ​ကောင်းဘူးလား baby ရဲ့ "

"​ကောင်းပါ့ ​ကောင်းပါ့ "

ဟန်​မြစ်​​ဘေးတွင်​လမ်း​လျှောက်​​နေခြင်းအား အဆုံးသက်​လိုက်​ကာ စူပါမားကပ်​ရှိရာဆီသို့ ဦးတည်​ချက်​​ပြောင်းသွားကြ​လေပြီ​လေ ။

ပုပုလုံးလုံးနှင့်​အဖိုးအို​လေး​ဘေးတွင်​ ။ အရင်​လိုစမတ်​မကျနိုင်​​တော့​ပေမယ့်​လဲ အသက်​ ၈၀ ​ကျော်​အရွယ်​နှင့်​မလိုက်​​အောင်​ခန့်​ညားလှသည့်​အဖိုးအိုတစ်​​ယောက်​က အသက်​ထပ်​ဆုံးတိုင်​ယှဉ်​တွဲလျှက်​ရှိ​နေမည်​ ။

Byun baek Hyun ဆိုသည့်​လူသား​လေး၏ လက်​ဖ၀ါးနုနုအား ။

Park Chan Yeol ဆိုသည့်​လူသားတစ်​ဦးကသာလျှင်​ထာဝရအတွက်​နှင့်​ အသက်​ထပ်​ဆုံးအတွက်​ပါ တစ်​သက်​တာ ဆုပ်​ကိုင်​ခွင့်​ရှိသူ ... ။

Byun baekhyun သည်​ Park chanyeol အတွက်​မရှိမဖြစ်​လိုအပ်​သည့်​ ​အောက်​စီဂျင်​ဖြစ်​ခဲ့ပါရင်​ ။

ပတ်​ခ်​ချန်​​ယောလ်​ သည်​လဲြေ​ဗာင်​ဘတ်​ခ်​ဟျွန်းအတွက်​ အသက်​ဆက်​ရန်​မရှိမဖြစ်​လိုအပ်​​သော ​အောက်​စီဂျင်​ပင်​ ။

ထာဝရအတွက်​ ကိုယ့်​ဖ၀ါးပြင်​ကျယ်​ကြီးက baby တစ်​​ယောက်​ထဲအတွက်ဖြစ်​တည်​သည်​ ။

ထာဝရအတွက်​ .... ကိုယ့်​နှလုံးသားတစ်​ခုလုံးကို Baby အတွက်​သာရည်​စူးသည်​ ။

ကိုယ့်​ခန္ဓာနှင့်​အသက်​သည်​ .... Baby အလိုကျ​ပြောင်းလည်းဖို့ ကိုယ်​ဆန္ဒရှိသည်​ ။

ထို့အတွက်​ ကိုယ့်​နှလုံသား .... ။

ကိုယ့်​ ခန္ဓာ .... ။

ကိုယ့်​ အသက်​.... ။

ကိုယ့်​အရာရာ က ...... ကိုယ်​သိပ်​မြတ်​နိုးရတဲ့ baby တစ်​​ယောက်​ထဲအတွက်​ပါ baby ။

လူကြီးကသာ ...... Baby ဘ၀ရဲ့အရာရာတိုင်းအတွက်​ဖြစ်​တည်​လာရခြင်းအ​ကြောင်းအရင်းပါပဲလူကြီး ။

သိပ်​ချစ်​တယ်​.. ..... လူကြီးရယ်​..... ။


♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡

2019.8.7

Long time no see my babe all 😉

#CHANBAEK is more than real 😍

That's right 😘

{ Infinitely Loved } (Complete)(zawgyi & Unicode)Where stories live. Discover now