ep 11 (Unicode)

7K 219 1
                                    


ဒီ​နေ့...

​ဆေးရုံ​ရောက်​နေသည်​မှာ သုံးရက်​ရှိလို့​နေပြီ...။

လူကြီးနဲ့ ကျွန်​တော့ဆက်​ဆံ​ရေးသည်​လဲ အရင်​က​လောက်​မတင်းမာ​တော့...။

​ရော​နှော​သောဆက်​ဆံ​ရေး​တော့မဟုတ်​သေးပါ။

​ဆေးရုံမှာတင်​မ​နေနိုင်​မထိုင်​နိုင်​ကလူးခဲ့ကြသည်​မှာအကြိမ်​ကြိမ်​ဖြစ်လို့​နေသည့်​အတွက်​ဆေးရုံက​ဆင်းရန်​အဆင်​မ​ပြေ​သေး...။

လူကြီးက ကုမ္ပဏီ သွားသည်​မို့ အခု​တော့​ဆေးရုံကုတင်​ထပ်​တွင်​ကျွန်​တော်​တစ်​ယောက်​ထဲ အ​တွေး​ပေါင်းစုံဖြင့်​အလုပ်​ရှုပ်​လို့​နေ၏...။

လူကြီး​ပေးတဲ့ နာကျင်​မှု့​တွေကြား​နေသားကျလို့​နေသည့်​ကျွန်​တော်​။

လူကြီး၏ ရင်​သွေး​လေးကိုပင်​လွယ်​ချင်​မိလို့​နေသည်​။

ကျွန်​တော်​ဟာ​ယောကျာ်း​လေး တစ်​ယောက်​ဆိုတာ​မေ့​မေ့သွားခဲ့သည်​။

ကျွန်​တော် က​ယောကျာ်း​လေး ကိုယ်​၀န်​လွယ်​ဖို့ဆိုတာ မဖြစ်​နိုင်​တဲ့အရာ တစ်​ခု...။

"ဟူး.....!!!!!"

ရင်​မောစွာပင်​သက်​ပြင်းရှည်​အား ကျယ်​လောင်​စွာချလိုက်​မိသည်​။

"​ဟေ့​ဟေ့ ကုတင်​ပေါ်မှာသက်​တောင့်​သက်​တာ ထိုင်​ပြီးသက်​ပြင်းဆွဲချပြီး ဘာဖြစ်​နေတာလဲ Byun Baek Hyun Ssi "

"အာ Dr.Annyeonghasaeyor "

Dr.ကဘယ်​အချိန်​ကထဲက အခန်းထဲ​ရောက်​နေမှန်းမသိ ။

"ကိုယ်​ထင်​နေတာ Baekhyun တစ်​ယောက်​သက်​ပြင်းချရင်း ငုတ်​တုတ်​မေ့သွားပြီလားလို့ အခုလိုနှုတ်​ဆက်​သေးပုံအရဆို BaekHyun ရဲ့စိတ်​တွေ ပုံမှန်​အ​နေအထားရှိ​နေ​သေးတယ်​လို့ယူဆလို့ရ​သေးတာပဲ"

ရုပ်​တည်​ကြီးဖြင့်​နောက်​လာ​သော Dr.​ကြောင့်​ညစ်​နေသည့်​စိတ်​က​လေးပင်​နည်းနည်းရွှင်​လန်းလာသလိုပင်​။

"ကဲ​ပြောပါဉ်ီး ဒီတစ်​ခါ​ရော ဘာစိတ်​ညစ်​စရာ​တွေရှိ​နေရပြန်​တာလဲ "

ကျွန်​တော့စိတ်​ခံစားချက်​အတိုင်းရင်​ဖွင့်​လိုက်​သင့်​လား မ​နေ့တစ်​နေ့ကမှသိခဲ့သည့်​တစိမ်းတစ်​ယောက်​ကို​ပေါ့။

{ Infinitely Loved } (Complete)(zawgyi & Unicode)Where stories live. Discover now