Ep #7#

31.8K 1K 25
                                    

.......6.1....4

" Byun BaekHyun မင်းငါ့ကို ကန့်​လန့်​တိုက်​​နေတာလား ဟမ်​ !!!"

ရုံးခန်းအတွင်း၌ ​ဒေါသတကြီး​ပေါက်​ကွဲ၍ ​တွေ့​တွေ့သမျှမြင်​မြင်​သမျှပစ္စည်းတို့အား ပြစ်​​ပေါက်​​နေသည့်​ လူကြီး....

ဘာ​ကြောင့်​လဲ ?

ကျွန်​​တော့​ကြောင့်​လို့​တော့ထင်​ပါရဲ့.....

Hk...ကျွန်​​တော့​ကြောင့်​ပါ​လေ

"Arr.Arnyiyor CEO "

" ​ဖြေရှင်းချက်​​ရှိတယ်​ဆိုလဲ ​ဖြေရှင်းကြည့်​​လေ "

ဖြေရှင်းချက်​ ?.....

ကျွန်​​တော့ဘက်​ကဘာများ​ဖြေရှင်းနိုင်​မှာတဲ့လည်း​ဗျာ....

ဘာလဲ လူကြီးနဲ့ ကလူး​နေတဲ့မိန်းမကို အကူအညီ​ပေးလိုက်​မိတာ အပြစ်​တစ်​ခုဖြစ်​သွားလား ?

ကျွန်​​တော်​ကန့်​လန့်​တိုက်​သလိုဖြစ်​သွားခဲ့သည်​တဲ့လား ?

"CEO Ssi ကျွန်​​တော့ဘက်​က မှားသွားတယ် ဟုတ်​တယ်​ CEO ရဲ့အ​ရေးကြီးသူကိုမှ ကျွန်​​တော်​က ထိမိလိုက်​တာပဲ Moyanhaemida "

ဘာ​ကြောင့်​ရယ်​မသိပါ ကျွန်​​တော့နှလုံးသား​လေးက​တော့ တစ်​ဆက်​ဆက်​တုန်​ယင်​ကာ...နာကျင်​လို့လာ၏.....

လူကြီးရယ်​.......

"ဟက်​ မင်း​ပေးတဲ့​ဖြေရှင်းချက်​က ဒါပဲလား ?"

"ဟုတ်​ကဲ့ ကျွန်​​တော့ဘက်​က အမှားကြီးကြီးမားမားမပြုမှုမိဘူးထင်​ပါတယ်​​ဗျ ဒါ​ကြောင့်​ CEO ရဲ့လွဲမှား​နေတဲ့အထက်​နဲ့အမြင်​ကို...အ့...!!!"

"ခလွမ်​ !!!!"

စားပွဲ​ပေါ်ရှိပန်းအိုးအား ကျွန်​​တော်​ရပ်​​နေသည့်​ နံရံသို့ အားဖြင့်​ပြစ်​​ပေါက်​ခွဲလိုက်​သည့်​ လူကြီး......

ပန်းအိုးကွဲစ တစ်​ချို့လွင့်​စင်​ကာ ကျွန်​​တော့ မျက်​နှာထပ်​သို့အစီအရီ ကျ​ရောက်​လို့လာခဲ့သည်​.......

စီးကျလာသည့်​ ​သွေးစတစ်​ချို​​ကြောင့်​ ကျွန်​​တော့နှုတ်​ခမ်းပါးမှစကားလုံးတို့​ရှေ့ဆက်​ရန်​အင်​အားတို့ရှိမ​နေ​တော့....

{ Infinitely Loved } (Complete)(zawgyi & Unicode)Where stories live. Discover now