EXTRA=END

24.2K 673 81
                                    

' Daddy သား Hyung ကိုလက်​ထပ်​​တော့မယ်​´

'ဘယ်​လို သား?´

'ဟုတ်​တယ်​ Appa သား Hyung နဲ့လက်​ထပ်​ထားချင်​တယ်​ ဒါမှကျွန်​​တော်​စိတ်​ချနိုင်​မယ်​ Appa ´

Byunnee ထံမှ ​မွေး​နေ့လက်​​ဆောင်​အဖြစ်​​တောင်းဆိုစရာရှိသည်​ဟု​သောစကားကြားထဲကသိပ်​မရိုးသားဘူးလို့ထင်​ခဲ့မိတာ ။ အခု​တော့ ဒင်းကဒီလိုကို ။ ဘယ်​သူနဲ့တူလို့များငယ်​ငယ်​ရွယ်​ရွယ်​နဲ့အိမ်​​ထောင်​သည်​လုပ်​ချင်​ရသည်​မသိ ။ လူကြည့်​​တော့ဒီနှစ်​မှအထက်​တန်းစတက်​တဲ့အထက်​တန်း ပထမနှစ်​​ကျောင်းသား ။ ကျွန်​​တော်​​တောင်​လူကြီးနဲ့လက်​ထပ်​တုန်းကအထက်​တန်း​နောက်​ဆုံးနှစ်​ပါ။ သိပ်​မကွာပါဘူး ၂နှစ်​ထဲပါ​လေ ။ နားလည်​​ပေးရမှာ​ပေါ့။

'Appa ​ပေးပါရ​စေဦးသားရဲ့ XiaoHun ​လေးကိုသားကဘာလို့စိတ်​မချရတာလဲ XiaoHun ​လေးကသားကိုအ​တော်​ချစ်​ရှာတာကို´

' Hyung ကိုစိတ်​မချတာမဟုတ်​ဘူး Appa ​ရေ ​ကျောင်းကယွပိုး​ထ​နေတဲ့မိန်းမ​တွေကိုစိတ်​မချတာ သူတို့က Hyung ​ဘေးနားမှာကို​ဝေ့ပြ မြူဆွယ်​ပြ​နေတာ မ​တော်​ Hyung စိတ်​ယိုင်​သွားရင်​သားပဲရင်​ကျိုးရမှာ Hyung ကစိတ်​မယိုင်​ဘူးပဲထား အဲ့မိန်းမ​တွေက Hyung ကိုကားတင်​​ပြေးမယ့်​ရုပ်​​တွေ​ဗျ´

(ParkByun သည်​အချဉ်​မဟုတ်​ပါ😂)

' သားရယ်​ သားစိတ်​ထင်​လို့​နေမှာပါ Appa တို့​ပြောထားပြီးပြီပဲအထက်​တန်းပြီးရင်​လက်​ထပ်​​ပေးမှာပါလို့ ´

'​အေး​လေသားရယ်​ Daddy ​တို့​ပြောထားတဲ့အတိုင်း​နေလိုက်​ပါဦးကွာ ခဏပဲ​လေ ခဏ​လေးပဲထပ်​သိခံပြီး​စောင့်​​ပေး´

'Appa တို့ကဘာသိလို့လဲ​ဗျ ​ကျောင်းတက်​ကတဲ့သူကသားပါ​ဗျ ဒီ​ကောင်​ Byunnee ရင်​ထဲမှာ​နေ့တိုင်းအလိုလိုမီး​တောက်​​နေရတာ Daddy တို့မှမသိတာ​ဗျ ကျွန်​​တော့မျက်​စိ​ရှေ့မှာ Hyung ကိုအမျိုးမျိုးလာမြူဆွယ်​​နေတဲ့မိန်းမ​တွေကို ဒါငါ့ချစ်​သူပါလို့လက်​ဆုပ်​လက်​ကိုင်​ပြခွင့်​မရှိတဲ့ ParkByun ရင်​ထဲကိုလဲဝင်​ကြည့်​​ပေးကြပါဦး ဒီ​ကောင့်​နှလုံးသားကအ​သွေးနဲ့အသားနဲ့ရှင်​သန်​​နေရတာပါ ​ကျောက်​ခဲနှလုံးသားမဟုတ်​ဘူး​ဗျ ´

{ Infinitely Loved } (Complete)(zawgyi & Unicode)Where stories live. Discover now