Exam motivation 2

2.6K 479 32
                                    

Do it now!
နာက်မှ လုပ်မယ်လို့ ဘယ်တော့မှ မပြောလိုက်ပါနဲ့။ နောက်မှ ဆိုတဲ့စကားလုံးဟာ ဘယ်တော့မှ မလုပ်ဖြစ်ဘူး ဆိုတဲ့ စကားလုံးလိုပါပဲ။
နောက်မှ စာကြည့်မယ်။ခဏနေမှ စာကြည့်မယ်။ မနက်ဖြန်မှ စာကြည့်မယ်ဆိုပြီး အချိန်ကို ရွေ့လိုက်ခြင်းဟာ ဘယ်တော့မှ မလုပ်ဖြစ်ခြင်းရဲ့ လမ်းစပါပဲ။ ဒါကြောင့် နောက်မှ လုပ်မယ် ဆိုတဲ့အစား အခု ရသလောက် လုပ်မယ်လို့ ဆုံးဖြတ်ပါ။ နည်းနည်းရ ရင် နည်းနည်းလေး လုပ်ပါ။ နည်းနည်းလေးတွေ စုလိုက်ရင် အများကြီး ဖြစ်လာပါတယ်။

Push yourself… မင်းကိုယ်တိုင် အတွက် မင်း ကြိုးစားပါ။ မင်း စာမေးပွဲအောင်ဖို့ မင်း ရလဒ် ကောင်းဖို့ ဘယ်သူကမှ မင်းကိုယ်စား ကြိုးစားပေးလို့ မရဘူး။ မင်းအောင်ချင်ရင် မင်းဘာမင်း ကြိုးစားရမယ်။ ဘယ်သူကမှ စာလုပ်ချင်လို့ လုပ်နေကြတာမဟုတ်ပါဘူး။ အခြေအနေ အရ ကိုယ့်စိတ်ကို ထိန်းချုပ် ပြီး ကိုယ့်အတွက် ကိုယ်စာလုပ်ကြတာပါ။  ပေါ်ပင်တွေကို သဘောကျပြီး ခွေးဖြစ်တော့မယ်ဆိုပြီး ပျော်မနေပါနဲ့။တကယ် စာမေးပွဲကျတဲ့အခါ မှ မင်း နောင်တရလိမ့်မယ်။
မင်း စာမေးပွဲအောင်ချင်ရင် မင်း မကျက်ချင်တဲ့ စာကို ကြိတ်မှိတ် ကျက်ရမှာပါပဲ။ စာမေးပွဲခန်းထဲ နောင်တ မရ ချင်ရင် အခုပဲ စာကျက်လိုက်ပါ။ အခုပဲ။

Believe in yourself
မင်းကိုယ်မင်း ယုံကြည်ပါ။ ဘယ်လောက်ခက်တဲ့စာပဲဖြစ်ပါစေ မင်း လေ့လာနိုင်တယ်။ကျက်နိုင်တယ်။ တွက်နိုင်တယ်လို့ ယုံကြည်ပါ။ ညဏ်မကောင်းဘူး။ စာက ခက်တယ်။ ဘယ်လောက်လုပ်လုပ် မရဘူးဆိုတဲ့ ဆင်ခြေ ဆင်လက် ဆင်နားရွက်တွေကိုအနားကပ်မခံပါနဲ့
ဘယ်လောက် ခက် ခက် ငါနဲ့တွေ့ရင် လွယ်သွားစေရမယ်လို့ ကြုံးဝါးရင်း ခက်ခဲတဲ့ စာတွေကို အနိင်ယူပစ်လိုက်ပါ။
ဘယ်အရာမဆို မလုပ်ခင်ကသာ ခက်ခဲတာပါ။လုပ်ကြည့်လိုက်ရင် ထင်သလောက် မခက်ခဲတာကို မြင်ရမှာပါ။

ကောင်မလေးတွေဖတ်ဖို့Where stories live. Discover now