အပိုင်း " 1 "

18.6K 479 8
                                    

Z.C + U.C ©

*** ကို့အ​ပေါ်အနိုင်​ယူတက်​တဲ့သူကို အပြုံးမပျက်​ပဲသည်းခံတာ...အဲ့တာဘာ​ကြောင့်​လဲ...​သေချာတာ​က​တော့ အဲ့တာအချစ်​ဆိုတဲ့ ​ကြောက်​စရာစွဲလမ်းမှု​ကြောင့်​နဲ့တူပါတယ်​***

~အရိပ်​ဖြူ...ကျွန်​မနာမည်​က အရိပ်​ဖြူ...နာမည်​နဲ့လူနဲ့လိုက်​ပါတယ်​...ပုံစံကဖြူဖတ်​ဖတ်​...သူက ကျွန်​မကို​ခေါ်တာက ဖြူ...တဲ့...သူကျွန်​မကိုအဲ့လို​ခေါ်လိုက်​ရင်​ ကျွန်​မရင်​​တွေအရမ်းခုန်​တာပဲ...

သူ..ဆိုတာ ကျွန်​မအချစ်​ဆုံးသူငယ်​ချင်း...အင်း...သူငယ်​ချင်းပဲ​ပေါ့ သူနဲ့ကျွန်​မကဒီ့ထက်​ပိုပြီးအဆင့်​တက်​ခွင့်​မရှိဘူးထင်​ပါရဲ့...

သူ..က ​ကျွန်​မတို့အခုတက်​​နေတဲ့ ရန်​ကုန်​စီးပွား​ရေးတက္ကသိုလ်​က Queen ​လေ...

အဟက်​...ဘာလဲအံသြသွားလား...အရိပ်​ဖြူ ဆိုတဲ့ကျွန်​မက မိန်းခ​လေးအချင်းချင်းစိတ်​၀င်​စား​နေတာကို...

အံသြလဲမတက်​နိုင်​ဘူး...ဒါက သူ့စိတ်​ခံစားချက်​နဲ့ဖြစ်​လာတာ​လေ ဒါ​တွေကအ​ရေးမကြီးဘူးလို့ထင်​တာပဲ ကျွန်​မက​တော့...

သူ​ပျော်​​နေရင်​​ကျေနပ်​တယ်​ ကို့​ကြောင့်​သူစိတ်​ချမ်းသာရင်​​ကျေနပ်​တယ်​ အဲ့တာ​ကြောင့်​ သူ့ကိုဆို ကျွန်​မကအကုန်​ဖြည့်​​စည်း​ပေးတာ...

တခါတ​လေဆို​ သူ့ရည်းစားနဲ့​လျောက်​သွားရင်​ ကျွန်​မကို​ခေါ်တက်​တယ်​ ကျွန်​မ​လေသူ့စကားဆိုတ​သွေမတိန်းနား​ထောင်​တာ...

ကို့မျက်​စိ​ရှေ့မှာ ကိုယ်​ချစ်​တဲ့သူက တစ်​ခြားတစ်​​ယောက်​နဲ​ပျော်​ရွှင်​​နေတာကို ဘယ်​သူကကြည့်​နိုင်​မှာလဲ...

ဒါ​ပေမဲ့ ကျွန်​မဆိုတာကလဲ​လေ သူမျက်​နှာ​လေးတစ်​ချက်​​ပြောင်းသွားတာနဲ့ မ​နေတက်​မထိုက်​တက်​...

အဲ့တာ​ကြောင့်​ သူ့က ကျွန်​မကိုဆိုအရမ်းနိုင်​တာ...
သူမသိပါဘူး ကျွန်​မ ဘယ်​​လောက်​ခံစားရလဲဆိုတာ...

ရှင်​တို့က​ပြောလိမ့်​မယ်​...ဖွင့်​​ပြောလိုက်​​လေဆိုပြီး...
ဟက်​...အဲ့​လောက်​လွယ်​မယ်​ထင်​လား...သူလက်​ရှိတွဲ​နေတာ ​​ယောက်ျား​လေး​တွေ...ကျွန်​မလို ငယ်​​ပေါင်းသူငယ်​ချင်း မိန်းခ​လေးတစ်​​ယောက်​ကိုသူလက်​ခံနိုင်​မယ်​ထင်​လား...

♡ နှလုံးသားအရိပ်​-နှလုံးသားအရိပ် ♡ [Completed-2]Where stories live. Discover now