အပိုင်း " 9 "

4.5K 275 4
                                    

Z.C + U.C ©

~​နေရာတိုင်း မြင်​​နေသမျှအရာအားလုံးက အမဲ​ရောင်​​တွေကြီး...
သူဘယ်​ကို​ရောက်​​နေတာလဲမစဉ်းစားတက်​ဘူး...ဘာ​​ကြောင့်​​ရောက်​လာတာလဲ...

*ဖြူ...ငါ့ကိုကယ်​ပါ ငါ​ကြောက်​တယ်​ ငါဒီ​နေရာကြီးမှာမ​နေချင်​ဘူး ငါအရမ်း​ကြောက်​တယ်​...*

သူမ ငိုချင်​တာငိုလို့မရဘူး အသံလဲထွက်​မလာဘူး...ဘာလို့လဲ သူ​သေသွားပြီလား...ဟင်​...ဒါ...ဒါဆိုသူ​သေသွားပြီလား...

အ​မှောင်​ထဲမှာ သူမတစ်​​ယောက်​ထဲ ဖြစ်​​နေတာ ပတ်​ပတ်​လည်​မှာလဲ ဘားမှသဲသဲကွဲကွဲမမြင်​ရပဲမဲ​မှောင်​​နေတာ​တွေ...

ပြီး​တော့...ချမ်းတယ်​...တစ်​​ယောက်​​ယောက်​များ ဒီအ​ခြေအ​နေက​နေလာ​ကယ်​​ပေးပါ...

အော်​လိုက်​ချင်​​ပေမဲ့ တကယ်​တမ်းကျ အသံကမထွက်​ဘူး...
ငါ...ဒီမှာမ​နေချင်​ဘူး...ဖြူ~!

ထို​နေရာ၌တင်​ သူမလဲကျပြီး ထပ်​ဆင့်​သတိ​မေ့သွားပါသည်​...​ပြောရရင်​ ​နှောင်းအခု​ရောက်​​နေတာ လူ့​လောကနဲ့ တမလွန်​​လောကကြားက အလွှာပါးသီးခြားကမ္ဘာတစ်​ခု...

"​နှောင်း...​နှောင်း နင်​ဘယ်​မှာလဲ...နင်​ဘယ်​မှာလဲ​နှောင်း ငါ့ကိုအသံ​ပေးပါ​နှောင်းရယ်​ ​ကျေးဇူး...​ကျေးဇူးပြုပြီး ငါ့ကိုနင့်​အသံ​လေးဖြစ်​ဖြစ်​ပဲ​ပေးပါဟာ ​နှောင်း..."

ဘယ်​သူထင်​လဲ...​ဟုတ်​ပါတယ်​ အရိပ်​ဖြူဆိုတဲ့ ​ကောင်​မ​လေးပါပဲ။
သူ​နေရာတိုင်းမှာ ​နှောင်းကိုလိုက်​ရှာ​နေပါတယ်​ ဒါ​ပေမဲ့ သူ​နှောင်းကိုမ​တွေ့ရပါ...ဘာ​ကြောင့်​လဲ...

Telepathy ဆိုတာယုံလား...ဒါက တကယ်​နှစ်​နှစ်​ကာကာ ချစ်​မြတ်​နိုးမိရင်​​တော့ ဖြစ်​​ကောင်းဖြစ်​နိုင်​ပါတယ်​ ဒီလိုဖြစ်​ရပ်​ကရှားတယ်​။

"​နှောင်း...လုပ်​ပါ နင့်​အသံ​လေးပဲဖြစ်​ဖြစ်​ငါ့ကိုသိ​အောင်​လုပ်​​ပေးပါဟာ ငါနင့်​ကိုအရမ်းစိတ်​ပူ​နေပြီ...​နှောင်း~~!"

အရိပ်​ဖြူရုတ်​တရက်​ သူ့ရဲ့လွှင့်​​နေတဲ့စိတ်​​တွေတစ်​စုတစ်​စည်းထဲ ဖြစ်​သွားတဲ့အချိန်​မှာ​တော့ သူ့မရဲ့ ၀ိညာဉ်​ ကရပ်​​နေလျှပ်​...

♡ နှလုံးသားအရိပ်​-နှလုံးသားအရိပ် ♡ [Completed-2]Where stories live. Discover now