အပိုင်း " 8 "

4.5K 262 2
                                    

Z.C + U.C ©

"​​​နှောင်း...အခုတ​လော​လေ ခန့်​ကိုဆိုတဲ့တစ်​​ယောက်​​ခြေငြိမ်​​နေတယ်​ အကဲခတ်​​နေတာလား ဘာလား​တော့မသိ ​နှောင်းသတိထား​နော်​ အကိုက ​ယောက်ျား​လေးဆို​တော့ကိစ္စမရှိ​ပေမဲ့ အကို​နှောင်းကိုစိတ်​ပူတယ်​"

အလုပ်​ကအပြန်​ JC ကိုခဏ၀င်​ပြီး KFC မှာမုန့်​ထိုင်​စား​နေ​သော ​နှောင်းနဲ့သူမ၏အကိုဖြစ်​သူ Eric John...

"​​နှောင်းသတိထားပါ့မယ်​ ကိုကိုရယ်​ တကယ်​ပဲ ကိုကိုက​နှောင်းရဲ့ အကိုရင်းသာဆိုရင်​အခုထပ်​ပိုပြီး​ပေါက်​​ပေါက်​ဆုတ်​​ရောင်းအုန်းမှာလား မသိဘူး..."
"ဟင်​...ဘာလဲ​ပေါက်​​ပေါက်​ဆုတ်​"

နိုင်​ငံခြားမှာ​နေတဲ့သူကို မြန်​မာဗန်းစကား​တွေဘယ်​လိုသုံးလိုက်​တာလဲ တဖတ်​လူကအူ​ကြောင်​​ကြောင်​​တွေဖြစ်​ကုန်​ပြီ​ပေါ့။
သူ​ပြောတာသ​ဘောမ​ပေါက်​၍ပြန်​​မေး​နေတဲ့သူကြီးကို ​နှောင်းအပြစ်​မမြင်​ရက်​ပါ သူကလဲသူပဲကို...

"ဟဲဟဲ ​ပေါက်​​ပေါက်​​ဖောက်​ပြီးပွစိပွစိလုပ်​တာ​ပြောတာပါ ​ဆော်​တီး ဟီးဟီး ​နှောင်းကဒီလိုပဲ​ပြောလိုက်​တာ ပြီး​တော့​နှောင်းရဲ့အကိုဖြစ်​တဲ့သူကလဲ အခုလိုပဲစိတ်​ပူ​နေမှာပဲလို့​တွေးမိသွားလို့ပါ..."
"​နှောင်း​ကော သူ့ကိုမ​တွေ့ချင်​​သေးဘူးလား"

တမင်​​မေးလိုက်​တာပါ ဒါကို​နှောင်းက​တော့မသိပါဘူး...
သူကိုယ်​တိုင်​လဲ ​တွေ့ချင်​​နေပါတယ်​ ဒါ​ပေမဲ့...

"​တွေ့မှာ ​နှောင်းအဆင်​သင့်​ဖြစ်​တာနဲ့​ ဖေ​ဖေ့ကို​တောင်​ နှောင်း မနဲ့ကြိုးစားပြီးအားတင်းပြီးတွေ့လိုက်​ရတာ အဲ့တာ​ကြောင့်​ပါ"
"ဟုတ်​ပါပြီ ဒါက​တော့​နှောင်းအပိုင်းပါ ပြန်​ရ​အောင်​​လေ စကားလဲ​ကောင်း​နေတာ..."
"ဟုတ်​ကဲ့ပြန်​မယ်​​လေအဲ့တာဆို ဒါနဲ့ ​နောက်​​နေ့ကျရင်​ ​နှောင်းအိမ်​ကိုထမင်းစားဖိတ်​မယ်​ သိလား​မေ​မေနဲ့မိတ်​ဆက်​​ပေးမယ်​ သမီးမှာ အကိုအစားတစ်​​ယောက်​ရထားတယ်​လို့​ပြောမလို့ ဟီး...အဲ့တာ မငြင်းရဘူး​နော်​ ငြင်းရင်​စိတ်​ဆိုးမှာ..."

♡ နှလုံးသားအရိပ်​-နှလုံးသားအရိပ် ♡ [Completed-2]Where stories live. Discover now