Final♡

10.9K 430 30
                                    

Z.C + U.C ©

"​နှောင်း..ကို့ရင်​​တွေအရမ်းခုန်​​နေတယ်​သိလား.."
"ဟင့်​..ရှင်​ကလဲ ခုန်​မှာ​ပေါ့မခုန်​ရင်​ ရှင်​​သေသွားမှာ​ပေါ့.."

စပ်​ဖြီးဖြီးနဲ့သူ့ကို​ပြော​နေ​သော ​အ​ရှေ့က​နှောင်းဆိုသည့်​သတ္တ၀ါမ​လေးကို ဖတ်​ပြီးနမ်ချင်​သည့်​စိတ်​ကိုမနဲ့ချုပ်​ထိန်းထားရပါသည်​။

ကိုယ်​​ပြောတဲ့အဓိပ္ပါယ်​ကိုသိသိကြီးနဲ့လာစ​နေ​သော ထိုခ​လေး​​ပေါက်​စမ​လေးကိုလဲအပြစ်​မတင်​ရက်​ပါ။

ဒီ​နေ့ ​နှောင်းရဲ့မိဘ​တွေနှင့်​အဘွားဖြစ်​သူ ​တွေ့မယ်​ဆိုလို့သာလာရတာ ​ကြောက်​မိပါသည်​။ အဘွားက​တော့လူကြီးပီပီအိမ်​ထဲသို့အရင်​၀င်​သွားပြီ ဖြစ်​​သော်​လဲ အခုချိန်​ထိအိမ်​ထဲမ၀င်​ရဲ​သေးပဲ ​နှောင်းနဲ့အတူအိမ်​​ပေါက်​၀တွင်​ရပ်​ကာစကား​ပြော​နေမိပါသည်​။

"ဘားမှမပူပါနဲ့ ​ဖေ​ဖေ​မေ​မေတို့ကလဲ ​မာန်​နဲ့​နှောင်းရဲ့အ​ကြောင်းကို သိ​နေပြီးသားပဲဟာ ပြီး​တော့မာန့်​ရဲ့​ဘေးမှာ ​နှောင်းတစ်​​ယောက်​လုံးရှိတယ်​ စိတ်​မပူနဲ့​နော်​.."

မာန့်​ရဲ့လက်​ကိုကိုင်​လို့​ပြောလိုက်​ပါသည်​။ ၀င့်​လွှာကလဲ ​နှောင်းရဲ့လက်​ကိုပြန်​ဆုတ်​ကိုင်​လို့ ယုံကြည်​ချက်​အပြည့်​နဲ့ နှစ်​​ယောက်​သားမိဘ​တွေရှိရာသို့သွားလိုက်​ပါသည်​။

နှောင်းရယ်​သူ့မိဘ​တွေရယ်​ကတစ်​ဖတ်​ အဘွားဖြစ်​သူနဲ့ဝင့်​လွှာရယ်​က တစ်​ဖတ်​ မျက်​နှာချင်းဆိုင်​ ဧည်​ခန်းထဲကခုံမှာ အသီးသီးထိုင်​​နေကျပါသည်​။

"သမီးတို့နှစ်​​ယောက်​အ​ကြောင်းကို ​ဖေ​ဖေတို့​လဲ သိသင့်​သ​လောက်​သိထားပြီးပြီးဆို​တော့ သမီးတို့​ရှေ့ဆက်​ဘာလုပ်​မယ်​လို့ စဉ်းစားထားလဲ.."

နှောင်းနဲ့ဝင့်​လွှာ တစ်​​ယောက်​ကိုတစ်​​​​ယောက်​ ကြည့်​ကာ ​နှောင်းက မာန်​​ပြောလိုက်​ပါဆိုသည့်​အကြည့်​နှင့်​ဆို​တော့ ၀င့်​လွှာ မှာ​နှောင်းကိုကြည့်​ပြီးအားတင်းကာ​ပြောလိုက်​ပါသည်​။

🎉 You've finished reading ♡ နှလုံးသားအရိပ်​-နှလုံးသားအရိပ် ♡ [Completed-2] 🎉
♡ နှလုံးသားအရိပ်​-နှလုံးသားအရိပ် ♡ [Completed-2]Where stories live. Discover now