အပိုင်း " 12 "

5.3K 278 6
                                    

Z.C + U.C ©

"မမ ​နှောင်း သူ့အကိုနဲ့က​နေဒါကိုလိုက်​သွားတယ်​တဲ့ ​ပြောတာက​တော့ Eric ရဲ့မင်္ဂလာပွဲ​ကြောင့်​နဲ့တူတယ်​..."

သူမတို့နှစ်​​ယောက်​ပြဿနာတက်​ပြီးတဲ့​နေကစပြီး ​၀င့်​လွှာအလုပ်​မသွားပဲ အိမ်​ထဲမှာ​နေ​နေတာ ​တော်​​တော်​ကြာပါပြီ လူကမျက်​တွင်း​ဟောက်​ပတ်​နဲ့ အချိန်​တိုင်းငိုင်​​နေတဲ့ အမဖြစ်​သူကိုလဲမကြည့်​​ရက်​ပါ။

"မဟုတ်​ပါဘူး သူငါ့ကိုစိတ်​နာသွားတာ သူငါ့ကိုစိတ်​နာပြီးထွက်​သွားတာ"
"ဟာ...မဟုတ်​တာ မမ ကလဲမမ မယုံရင်​အဲ့ကိုလိုက်​သွားပြီး ​တွေ့​အောင်​လုပ်​​လေ ပြီး​တော့ Eric ကိုလဲအကူအညီ​တောင်းလို့ ရ​နေတာပဲ..."

နှောင်းရဲ့​နောက်​သို့လိုက်​ချင်​ပါတယ်​ ဒါ​ပေမဲ့ ​နှောင်း​​ပြောတဲ့အ​ဖြေဆိုတာ စဉ်းစား​နေဆဲမို့သွားမ​တွေ့ရဲ့​သေးပါ။အချိန်​တန်​ရင်​ သူ​တွေ့မှာပါ တကယ်​လို့သာ​နှောင်းလက်​ခံခဲ့မယ်​ဆိုရင်​​ပေါ့။

"ရပါတယ်​ ​ငါတို့နှစ်​​ယောက်​ကြားမှာ လိုအပ်​​နေတဲ့အ​ဖြေရရင်​ ငါကိုယ်​တိုင်​​နှောင်းကိုသွား​တွေ့မှာပါ ဘယ်​သူ့ရဲ့အကူအညီမှမလိုပဲနဲ့.."
"ဟင်း...မမ​ပြောတဲ့အ​ဖြေသာမြန်​မြန်​ရပါ​စေလို့ ကျွန်​​တော်​ဆု​တောင်း ​ပေးပါတယ်​ ကျွန်​​တော်​အခု အ​ရေးကြီးတဲ့ meeting သွားစရာရှိလို့ ကုမ္ပဏီ သွား​တော့မယ်​ ကျွန်​​တော်​မရှိတုန်းဒီတိုင်းကြီး ဒီနားမှာမတ်​တပ်​ရပ်​မ​နေနဲ့အုန်း​နော်​ ​ကျွန်​​တော်​​ဆေးနဲ့မုန့်​နဲ့ မမ ခုတင်​​ဘေးမှာထားခဲ့တယ်​ ကျွန်​​တော်​စိတ်​ချမယ်​​နော်​ ​နော်​ မမ..."

အ​မေးသာရှိပြီးအ​ဖြေပြန်​မလာ​သော အမဖြစ်​သူကိုကြည့်​ပြီး ထည်​၀ါစိတ်​မချဖြစ်​​နေသည်​မှာမှားမည်​မထင်​ပါ။

မောင်​ဖြစ်​သူထွက်​သွားသည့်​တိုင်​ အိပ်​ခန်းပြတင်း​ပေါက်​နားမှာ မတ်​တပ်​ရပ်​​နေမြဲဖြစ်​သည့်​ဝင့်​လွှာက​တော့ ပိတ်​ထားတဲ့ပြတင်း​ပေါက်​ကို လာစင်​တဲ့မိုးစက်​​လေး​တွေကိုကြည့်​ပြီး မျက်​ရည်​များစီးကျ​နေပါ​တော့သည်​။

♡ နှလုံးသားအရိပ်​-နှလုံးသားအရိပ် ♡ [Completed-2]Where stories live. Discover now