အပိုင်း " 7 "

4.6K 271 2
                                    

Z.C + U.C ©

~တစ်​ချက်​တစ်​ချက်​ ​​ပြောင်းလဲတက်​​တဲ့ မာန်​၀င့်​လွှာ ရဲ့စိတ်​ကို သူနဲ့အပြိုင်​လိုက်ပြီး ​နှောင်းလဲ စိတ်​ရှုပ်​ချင်​စိတ်​မရှိ​တော့ပါ...

အခုလဲ သူ့အိမ်​မှာတဲ့ သူ့​မောင်​ခရီးသွား​နေလို့ ဒီည​​တော့လာအိပ်​​ပေးပါတဲ့ ညဘက်​စကား​ပြော​ဖော်​လူမရှိလို့တဲ့​လေ...

ကျွန်​မလဲသူ့ကိုသနားစိတ်​​လေးဝင်​မိတာ​တော့အမှန်​ပါ...
သူ့အကျင့်​နဲ့ကျွန်​မအကျင့်​ကတူတယ်​သိလား...

အဲ့တာသူငယ်​ချင်းများများစားစားမရှိတာပဲ...
ငယ်​ငယ်​ထဲသူ့မိဘ​တွေမရှိ​တော့ထဲက သူ့မှာလဲ အဘွားရယ်​ ​မောင်​ဖြစ်​ရယ်​ ပဲရှိတာ​လေ...

အဘွားကလဲအ​ဝေးမှာဆို​တော့ အခုလိုသူ့​မောင်​ခရီးသွားရင်​ သူလဲတစ်​​ယောက်​ထဲပျင်း​နေမှာ​ပေါ့...

အခုသူ့အိမ်​မှာ သူက​ခေါက်​ဆွဲ​ကြော်​စားချင်​တယ်​ဆိုလို့ ​ကြော်​​ပေး​နေရတယ်​...

ဝယ်​မစားဘူးလားဆိုပြီး​မေး​​တော့...ဆိုင်​ကဟာ​တွေစားရတာရိုး​နေပြီ အိမ်​မှာကိုယ်​တိုင်​​ကြော်​တာပဲစားချင်​တာတဲ့​လေ...

ကိုယ့်​ဘာသာ​ကြော်​မစားဘူးဆို​တော့...သူမှမလုပ်​တက်​တာတဲ့...အိမ်​မှာထမင်းချက်​​ပေးတဲ့အန်​တီက သူ့အိမ်​ပြန်​သွားလို့ ညဘက်​အားနာလို့တဲ့ အဲ့လို​ပြော​တော့ သူက​ကော ကျွန်​မကိုအားမနာဘူးလား...

မေးကြည့်​ပါ​သေးတယ်​ အရင်​က​မောင်​နှမနှစ်​​ယောက်​ညဘက်​​တွေ ညစာဘယ်​လိုစားလဲ​မေး​တော့ ထည်​၀ါလုပ်​​ပေးတာတဲ့ အဲ့တစ်​ခွန်းထဲနဲ့တင်​ကျွန်​မနားလည်​လိုက်​ပါသည်​။
တွေးလိုက်​မိတယ်​ သူတို့နှစ်​​ယောက်​မှားများ​မွေးလာသလားလို့...

"စားလို့အဆင်​​ပြေလား...​နှောင်းလဲရှိတာနဲ့အဆင်​​ပြေသလို လုပ်​​ပေးထားတာ..."
"အင်း​ပြေပါတယ်​ ​​ကျေးဇူးတင်​ပါတယ်​ အခုလို အတူလာ​နေ​ပေးလို့"
"ရပါတယ်​ ကျွန်​မမှာတာဝန်​ရှိတာပဲ ခဏ​နေ​အသီးလုပ်​လာ​ပေးမယ်​ လသာ​ဆောင်​မှာ ခဏ​စာင့်​​နော်​..."

♡ နှလုံးသားအရိပ်​-နှလုံးသားအရိပ် ♡ [Completed-2]Where stories live. Discover now