အပိုင်း " 10 "

4.8K 294 13
                                    

Z.C + U.C ©

~၀င့်​လွှာ ​နှောင်းကိုဖွင့်​​ပြောပြီးတဲ့​နေ့ထဲက ၀င့်​လွှာနဲ့​နှောင်း အ​ခြေအ​နေကသိသိသာသာ​ပြောင်းလဲလာပါသည်​။

ဘေးကသူ​တွေ​တောင်​ရိပ်​မိ​နေသလိုလိုမျိုးဖြစ်​​နေပြီ ဘာလို့ဆို တစ်​ခုခုဆို ၀င့်​လွှာက ​နှောင်းကိုပဲခိုင်း​တော့တယ်​ ပြီး​တော့ သူ့မအနားမှာပဲ​နှောင်းကိုတစ်​ချိန်​လုံးထားတယ်​ တစ်​ခြားသူ​တွေနဲ့စကား​ပြော​နေရင်​လဲ မျက်​​စောင်း​တွေထိုး သ၀န်​​တွေတိုတာ​ပြောစရာပင်​မလိုပါ။

သူ​ဋ္ဌေးဆိုပြီးလုပ်​ချင်​တိုင်းလုပ်​​နေတာ ​ဘေးကသူ​တွေက​ကြောက်​လို့ မ​ပြော​ပေမဲ့ ကြားထဲက​နှောင်းကပဲအားနာစရာ​တွေဖြစ်​ရလွန်းလို့ ​တောင်းပန်​ရတာလဲခဏခဏ။

သ၀န်​တိုတာ​လေး​တွေ​လျော့ဖို့​ပြောယူရပါသည်​။အခုလို သူ့ကိုစဉ်းစား​ပေး​နေတဲ့အချိန်​အ​တောအတွင်းမှာ ​တော်​​တော်​​လေးလဲ ဂရုစိုက်​ပါတယ်​ သွားတာလာတာ စားတာ​သောက်​တာကအစ။

ကို့အ​ပေါ်အ​သေးစိတ်​ကအစလိုက်​ပြီးဂရုစိုက်​​ပေး တစ်​​နေ့တစ်​​နေ့ သူ့ရဲ့စကားလုံး​တွေ​အောက်​မှာလူက ကြာ​တော့​ပျော့ချင်​လာသလိုလို။

အ​နေနီးလိုသာယာတာမဟုတ်​ပဲ သူမဘက်​ကပါ ၀င့်​လွှာအ​ပေါ်သံ​ယောဇဉ်​ပိုမိပါသည်​ သူငယ်​ချင်း​ဆက်​ဆံ​ရေးထပ်​ပိုပြီး​တော့​​ပေါ့။

လူပဲ​လေ သာယာတက်​တာ​ပေါ့...မာ​​ကြောတဲ့​ကျောက်​တိုင်​​တောင်​မှ နဲ့ပါများရင်​ယိုင်​နိုင်​​သေးတာပဲ ကိုယ်​က​ကျောက်​တိုင်​လဲမဟုတ်​ စကားလုံးချိုချို​လေး​တွေ ဂရုစိုက်​မှု​လေး​တွေ သူ့ရဲ့အကြည့်​​တွေ​အောက်​မှာ အရည်​​ပျော်​ချင်​သလိုဖြစ်​​​နေမိတာဆန်းသလား။

ဒါ​ပေမဲ့ သူရဲ့စိတ်​ထပ်​ ကိုယ့်​ရဲ့ခံးစားချက်​ကိုအရင်​ဦးစား​ပေး စဉ်းစား​နေရတယ်​ ကိုယ်​ကိုတိုင်​ကလဲ သူ့ကိုလက်​ခံနိုင်​ရဲ့လားဆိုတာကို သူများအ​ကြောင်းအရင်​မ​တွေးခင်​ ကိုယ့်​စိတ်​အ​ခြေအ​နေကို ပြန်​ဆန်းစစ်​ကြည့်​ရ​သေးတယ်​။

♡ နှလုံးသားအရိပ်​-နှလုံးသားအရိပ် ♡ [Completed-2]Where stories live. Discover now