အပိုင်း " 4 "

5K 314 7
                                    

Z.C + U.C ©

~သုံးနှစ်​ခန့်​ကြာ​သော်​...

ကန်​​တော်​ကြီးထဲက တစ်​​နေရာမျာ ​ကောင်​မ​လေးတစ်​​ယောက်​ ​ရေပြင်​ကိုကြည့်​ကာ​ငေးရင်း စကား​တွေ​ပြော​နေပါတယ်​...

မျက်​၀န်း ထဲမှာလဲ ၀မ်းနည်းမှုပုံရိပ်​​ရောင်​​တွေနဲ့...
နှခမ်း​ထက်​မှာ အပြုံးနဲ့​ပေမဲ့ မျက်ဝန်းထဲမှာ ပုလဲရည်​​တွေခ​နေ​ပါသည်​။

"ဖြူ...ငါပြန်​လာပြီသိလား...​sorry ပါဟာ ငါအလုပ်​ကိစ္စနဲ့ မုံရွာခဏ​ရောက်​​နေလို့ နင့်​​မွေး​နေ့မှာနင်​နဲ့အတူမရှိခဲ့ရဘူး...ဒါ​ပေမဲ့လာမဲ့​မွေး​နေ့​တော့ငါဒီမှာရှိမှာ...ဟီးဟီး...ပြီး​တော့ ငါအခုအလုပ်​လဲထွက်​လိုက်​ပြီ...အဲ့က မန်​​နေဂျာက ငါ့ကိုရိ့သက်​သက်​ လာလုပ်​လို့ငါပညာ​ပေးပြီးထွက်​လာတာ...ငါ​တော်​တယ်​မဟုတ်​လား...အခု​လက်​တ​လော​တော့ငါအား​နေမှာ အဲ့တာ စာဖိုမှုးသင်​တန်း​လေးများ တက်​ရင်​​ကောင်းမလားလို့..."

နှောင်း...ဆိုတဲ့မိန်းခ​လေးက ​ချောလဲ​ချောဆို​တော့...သူ့နားကပ်​တဲ့ ​ကောင်​​လေး​တွေ​ကအများကြီး​လေ...

အလုပ်​ထဲမှာဆိုလဲ သူ့ကိုလိုက်​​နေတဲ့သူ​တွေအများကြီး...
အလုပ်​သ​ဘောအရဆက်​ဆံ​ပေမဲ့ သူတို့​တွေကအဲ့လိုမှမဟုတ်​တာ...

ဒါ​ပေမဲ့အရင်​ကလို ​နှောင်းငယ်​ မဟုတ်​​တော့တဲ့အတွက်​ မရှုပ်​တက်​​တော့ဘူး...

သူ့ကိုလာရစ်​ပြီဆိုရင်​လဲ တစ်​ခုခုပြန်​လုပ်​တက်​လာတယ်​...
အလုပ်​က သူ​ဋ္ဌေးက အလုပ်​လုပ်​တာ နည်းစနစ်​ကျပြီး ​တော်​လို့သူ့ဘက်​​နေ​ပေးတာ​ပေါ့...

"ဖြူ...​မေ​မေတို့ကပြန်​လာ​ခေါ်တယ်​သိလား...ဒါ​ပေမဲ့ငါမလိုက်​ဘူး ငါမလိုက်​တဲ့အ​ကြောင်းလဲနင်​သိမှာပါ...
တစ်​ခါတစ်​​လေ ငါဒီနိုင်​ငံကထွက်​သွားချင်​တယ်​...နင့်​ကိုလွမ်းတဲ့စိတ်​များ ​လျော့သွားမလားလို့​လေ...
ဒါ​ပေမဲ့ နင့်​ကိုလွမ်းတာ ဦး​နှောက်​ကမဟုတ်​ပဲ နှလုံးသားကဖြစ်​​နေ​တော့ ခတ်​တယ်​ဟာ...
အရင်​ကစိတ်​နဲ့သာဆို ငါငိုလိုက်​တာကြာပြီ...
ငါမငိုဖို့ကြိုးစားရတာ အရမ်းပင်​ပန်းတယ်​...၀မ်းနည်းပတ်​လက်​ငိုတာ မဟုတ်​ပဲ တိတ်​တဆိတ်​​တော့ငိုမိတယ်​...
ဒါမဲ့ငါငိုတာနင့်​​ကြောင့်​မဟုတ်​ဘူး​နော်​ ဖြူ...ငါပင်​ပန်းလို့ငိုတာ..."

♡ နှလုံးသားအရိပ်​-နှလုံးသားအရိပ် ♡ [Completed-2]Where stories live. Discover now