အပိုင်း " 2 "

6.1K 372 18
                                    

Z.C + U.C ©

~အရိပ်​ဖြူ ထုံစံအတိုင်း မနတ်​​​​စော​စော ​နှောင်းငယ်​ကိုနိုးဖို့ အိမ်​ကထွက်​မလို့အလုပ်​...

"အား...​ဖေ​ဖေ ...သမီး ​ခေါင်းကိုက်​တယ်​ အရမ်းနာတယ်​​ခေါင်းထဲက... အား...​ဖေ~~"

စကား​တောင်​မဆုံးလိုက်​ပါ အရိပ်​ဖြုအိမ်​​ရှေ့မှာတင်​ပစ်​လဲကျသွားပါသည်​။

အရိပ်​ဖြူ သူ့အ​ဖေကို နှုတ်​ဆက်​ပြီး​နှောင်းငယ်​အိမ်​သွားမလို့ပဲရှိ​သေးတယ်​ ရုတ်​တရက်​ ​ခေါင်းကထိုးကိုက်​လာပါတယ်​...

ပုံမှန်​ဆိုညဘက်​မှကိုက်​တက်​တဲ့​ခေါင်းက ​​နောက်​ပိုင်းအချိန်​တိုင်းလိုလို ကိုက်​တက်​​နေ​တော့ အ​ဖေဖြစ်​သူကစိုးရိမ်​​နေတာ...

အ​ဖေဖြစ်​သူ ​ခေါင်းကိုက်​လွန်​ပြီးလဲကျသွားတဲ့ သမီးဖြစ်​သူကို ​ပွေ့ချီလိုက်​ပြီး ​​ဆေးရုံသွားဖို့ပြင်​ပါ​တော့တယ်​...

နေတာကပင်​လုံအိမ်​ယာဆို​တော့ ပင်​လုံ​ဆေးရုံသို့... ဒါကအ​တော်​ဖြစ်​သွားတယ်​လို့​ပြောရမယ်​...
အနားမှာ​ဆေးရုံရှိ​နေတာ။

အရိပ်​ဖြူရဲ့ အ​ဒေါ်​တွေကလဲ ကမန်းကတန်း ​ဆေးရုံလိုက်​ရတာ​ပေါ့...
ဒါ​တွေအားလုံးကို​တော့ အရိပ်​ဖြူလာမနိုး​သေးလို့ အိပ်​ယာကမထ​သေးတဲ့ ​နှောင်းငယ်​တစ်​​ယောက်​သိမယ်​မထင်​ပါ...

နှောင်းငယ်​တို့အိမ်​ကအ​ဒေါ်ကြီးကလဲ ၇ နာရီထိုးခါနီး​နေပြီ အရိပ်​ဖြူ မလာ​သေး​တော့ သူကိုယ်​တိုင်​ပဲ ​နှောင်းငယ်​ ကိုလာနိုးရတာ​ပေါ့...

ပုံမှန်​အရိပ်​ဖြူ နိုး​နေကျ​ပေမဲ့ သူ့ကိုအရိပ်​ဖြူက သူမလာနိုင်​တဲ့​နေ့​တွေကျရင်​ ​နှောင်းငယ်​ ကိုနိုး​ပေးဖို့​ပြောထားတယ်​​လေ

နှောင်းငယ်​ က အရိပ်​ဖြူလာနိုးတာ​ကို​စောင့်​ရင်း ​မျော်​​နေတဲ့သူက မလာပဲ တစ်​ခြားတစ်​​ယောက်​ဖြစ်​​နေ​တော့ စိတ်​​ကောက်​သွားပါ​လေ​ရော...

စိတ်​​ကောက်​ပြီး အရိပ်​ဖြူကို ဖုန်းဆက်​လိုက်​​တော့ လူကြီးမင်း နဲ့ပဲတိုး​နေပြီး အိမ်​ကိုဆက်​​တော့လဲ မကိုင်​​တော့ စိတ်​ဆိုးသွားတယ်​...

♡ နှလုံးသားအရိပ်​-နှလုံးသားအရိပ် ♡ [Completed-2]Tempat cerita menjadi hidup. Temukan sekarang