Episode 1

88.1K 1.9K 15
                                    

ZawGyi

ဂျိုဆွန်းပြည်​​တွင် ​လူတန်းစားအမျိုးမျိုးရှိကြသည်
မင်းမျိုးမင်းနွယ်​များ၊ အမတ်​များ၊ အမှုထမ်းများ၊ ရဲမက်​များ၊ ကုန်​သည်​များ၊ လူကုန်​ထံအသိုင်းအဝိုင်းများ၊ ပညာရှိများ၊ ဆင်းရဲသားများ၊ အ​စေခံများ အစရှိသဖြင့်​ လူတန်းစားအမျိုးမျိုးရှိကြသည်

ဂျိုဆွန်းပြည်​သည်​ အုပ်​ချုပ်​ကြီးစိုးသည့်​ မင်းကြီး​ကောင်းမှု​ကြောင့်​ စစ်​ပွဲများမရှိသ​လောက်​ပင်

ထို့​ကြောင့်​ ပြည်​သူပြည်​သားများသည်​ ငြိမ်း​အေးစွာ ​နေထိုင်​ကြသည်

အခုချိန်​သည်​ ​ည​မှောင်​ရီ​ဝေ​နေ​သောအချိန်​ဖစ်​သည်

ကုန်​သည်​သူ​ဌေးကြီး လီဝမ်​ဂျုံး၏ အိမ်​​တော်​၌......

"သူ​ဌေးက​တော်​ ညှစ်​ပါအုန်း အားစိုက်​ပီးညှစ်​ "

"အီး....အီး....အား....."

ထုပ်​တန်း​ပေါ်​တွင်​ အဝတ်​စကိုချည်​ထားပီး တန်းလန်းကျ​နေ​သော အဝတ်​စကို ကုပ်​တွယ်​ထားသူမှာ သူ​ဌေးကြီး လီဝမ်​ဂျုံး၏ ဇနီး အန်းချန်းဆွန်း ပင်​ဖစ်​သည်

သူ​ဌေးက​တော်​မှာ ဗိုက်​နာ၍ က​လေးမကြာခင်​​မွေး​တော့မည့်​သူဖစ်​သည်

သို့​သော်​ က​လေးကမထွက်​လာ​သေး​ပေ

သူ​ဌေးက​တော်​လဲပင်​ပန်း​နေပီ ​ဘေးနားကအခိုင်းအ​စေ​တွေလဲ ​ချွေးပြန်​​နေသည်

ထိုအချိန်​ အ​စေခံတန်းလျား၌ အ​စေခံ ဂင်​​ဒေါ့ဆူရဲ့ မိန်းမ ဂင်​ဘုတ်​ဆွန်းသည်​လဲ ဗိုက်​နာ၍ က​လေး​မွေးချင်​​နေပီဖစ်​သည်

အခန်းအပြင်​တွင်​​တော့ မိန်းမကိုစိတ်​ပူ​နေ​သော ဂင်​​ဒေါ့ဆူ

အခန်းထဲတွင်​​တော့ အဝတ်​စကိုကုပ်​တွယ်​ထား​သော ဂင်​ဘုတ်​ဆွန်း မှာလဲ က​လေးထွက်​လာဖို့ ရုန်းကန်​​နေရသည်

အသိအ​ဒေါ်ကြီး တ​ယောက်​အကူအညီနဲ့ က​လေးထွက်​လာဖို့ ကြိုးစား​နေရသည်

တစ်​ဖက်​တွင်​​တော့

သူ​ဌေးကြီး လီဝမ်​ဂျုံး တ​ယောက်​ သူ့က​လေးကိုသာ ​စောင့်​​မျှော်​​နေရင်း ဂဏာမငြိမ်​ ဖစ်​​နေသည်

Poisonous Love (Warning 💥)Where stories live. Discover now