Episode 13

26.1K 1.1K 51
                                    

ZG

"​ဂျောင်းဝူ "

"ဗျာ "

"သခင်​​လေးရှင်းက မှာထားတယ်​ "

"ဒီရက်​ပိုင်း သူ့ကိုလာမ​တွေ့နဲ့တဲ့ "

"ဗျာ ဘာ ဘာဖစ်​လို့လဲ "

"ငါလဲမသိဘူး မင်းကို မမြင်​ချင်​လို့​နေမှာ​ပေါ့ "

"သူ့မျက်​စိ​ရှေ့ ​ရောက်​မလာနဲ့တဲ့ "

"ဟုတ်​ကဲ့ "

ဦ​လေးပြန်​သွားပီး​နောက်​ ​ဂျောင်းဝူ မျက်​နှာမှာ မဲ့ပြုံး​ပေါ်လာသည်

"ဟက်​ ငါ့ကိုရိုးသွား​တော့ ​မောင်းထုတ်​ပီ​ပေါ့ "

"ဟားဟားဟား "

"​ကောင်းတာပဲ​လေ သူ့​ဝေယျာဝစ္စ​တွေ မလုပ်​ရ​တော့ ငါသက်​သာတာ​ပေါ့ "

ဂျောင်းဝူရယ်​​နေရင်းနဲ့ နှုတ်​ခမ်းကိုဖိကိုက်​လိုက်​သည်

"ငါ မင်းကို မုန်းတယ်​ လီရှင်း "

*****************************

ကျောက်​စည်​ထဲက​နေ ​ရေ​တွေသယ်​ကာ ​ရေပုံးထဲဖြည့်​​နေ​သော လူတစ်​​ယောက်​ကို ​ဂျောင်းဝူ​တွေ့သည်

ထိုလူက​ဂျောင်းဝူကိုမြင်​တာနဲ့

"​ဂျောင်းဝူ အ​တော်​ပဲ ​မေးစရာရှိတယ်​ "

"ဟုတ်​ကဲ့ "

"သခင်​​လေးရှင်းက ​ရေဆို ဘယ်​​လောက်​မှ ကြိုက်​လဲ ဘာအ​မွှေးနံ့သာ​တွေထည့်​ရ​သေးလဲ "

"ဘာလုပ်​မလို့ လဲ "

"ငါက အခုကစပီး သခင်​​လေးရှင်း ​ရေချိုးဖို့ပြင်​ဆင်​ရမဲ့သူ​လေ "

လက်​သီး၂ဖက်​ကိုကျစ်​ကျစ်​ပါ​အောင်​စုပ်​လိုက်​ကာ မျက်​နှာကိုလွှဲလိုက်​သည်

'အရင်​က အဲ့ဒါ ငါ့​နေရာ​လေ '

"မသိဘူး ကျွန်​​တော်​လည်း "

ပြောကာ ​ပြေးထွက်​သွား​သော ​ဂျောင်းဝူကိုကြည့်​ပီး

"ဘာလဲဟ "

*****************************

သခင်​​လေးရှင်း သူ့မိဘ​တွေနဲ့ စကား​ပြော​နေသည်​ကို အ​ဝေးက​နေ ​ဂျောင်းဝူ လှမ်းမြင်​​နေရသည်

Poisonous Love (Warning 💥)Where stories live. Discover now