Episode 17

24.9K 1K 35
                                    

ZG

"သူ​ဌေးအို သူ​ဌေးအို "

"မင်း လာပြန်​ပီလား "

သူ​ဌေးအိုရဲ့လက်​​ထောက်​ဖြစ်​သူက သူ့ကို​တွေ့၍ ​မျက်​နှာရှုံ့မဲ့သွားသည်

"သွားစမ်းကွာ သူ​ဌေးက မင်းလို စုတ်​ပြတ်​သတ်​​နေတဲ့​ကောင်​ကို စိတ်​မဝင်​စားဘူး "

သူ့ကို​ခွေး​မောင်းသလို ​မောင်းထုတ်​သည်

သူကွယ်​ရာက​နေ ​ချောင်းကြည့်​​တော့ သပ်​သပ်​ရပ်​ရပ်​ဝတ်​စားထားသည့်​ ​ကောင်​​လေးတစ်​​ယောက်​ကိုဖက်​ကာ သူ​ဌေးအို သူ့အိမ်​ထဲသို့ဝင်​သွားသည်

ကောင်​​လေးအကျီကအနည်းငယ်​ပါးပြီး အထဲကအသား​တွေကို မြင်​​နေရသည်

ဂျောင်းဝူ သူ့ကိုယ်​သူ ပြန်​ငုံ့ကြည့်​​တော့ ​အ​ပေါက်​​တွေကိုဖာထားပြီး စုတ်​ပြတ်​ညစ်​ပတ်​​နေတဲ့ အကျီနဲ့​ဘောင်းဘီကိုသာ​တွေ့သည်

မျက်​နှာကလည်း ​ပေကျံ​နေသည်

'မဖြစ်​​တော့ဘူး ငါလည်း တစ်​ခုခု ​ပြောင်းလဲရမယ်​ '

အိတ်​ထဲရှာလိုက်​​တော့ ​ငွေအနည်းငယ်​သာ​တွေ့သည်

"ဒီည ​ငွေထပ်​ရှာရမယ်​ "

သူ ​ဈေးထဲသွားလိုက်​​တော့ အမျိုးစုံ​သော ပစ္စည်းများ​ရောင်းချ​နေသည့်​ဆိုင်​များ အဝတ်​အထည်​များ အ​ရောင်​အ​သွေးစုံလင်​စွာ ​ရောင်းချ​နေသည့်​ဆိုင်​များကို ​တွေ့လိုက်​ရသည်

မွှေးပျံ့​သော ရနံ့များနှင့်​ မုန့်​များ​ရောင်းသည့်​ဆိုင်​​ရှေ့​ရောက်​​တော့ ​ဂျောင်းဝူ ဗိုက်​များဆာလာသည်

သ​ရေတများများကျလာပြီး ဆိုင်​​ရှေ့တွင်​ အကြာကြီးရပ်​​နေမိသည်

"မဖြစ်​​သေးပါဘူး လက်​ထဲ ဘယ်​​လောက်​မှလည်းမရှိဘူး "

"သည်းခံ ​ဂျောင်းဝူ ​သည်းခံ သည်းခံ "

ဗိုက်​​လေးကိုပွတ်​ကာ ​ရှေ့ဆက်​သွား​တော့ စွပ်​ပြုတ်​ဆိုင်​​ရှေ့သို့​ရောက်​လာသည်

Poisonous Love (Warning 💥)Where stories live. Discover now