Episode 8

30K 1.2K 35
                                    

ZG

တစ်​ကိုယ်​လုံး ပူခြစ်​ကာ ​မေ့​မြော​နေ​သော ​ဂျောင်းဝူကို လီရှင်းကြည့်​ရင်း ဘာလုပ်​ရမှန်းမသိ ဖြစ်​​နေသည်

'မဖြစ်​​တော့ဘူး တစ်​​ယောက်​​ယောက်​​ခေါ်မှပဲ ရ​တော့မယ်​ '

ချွတ်​ထားတဲ့ ​ဘောင်းဘီကို ပြန်​ဝတ်​​ပေးလိုက်​သည်

ထို့​နောက်​ အ​ဆောင်​အပြင်​ထွက်​ကာ အခိုင်းအ​စေ တစ်​​ယောက်​ကို ရှာလိုက်​သည်

"မာဖွန်း "

အထုတ်​သယ်​တဲ့ အလုပ်​သမားတစ်​​ယောက်​ကို​တွေ့​တော့ လှမ်း​ခေါ်လိုက်​သည်

အထုတ်​ချကာ သူ့ဆီ ​ခေါင်းငုံ့ပီး အ​ပြေးလာသည်

"သခင်​​လေး ဘာခိုင်းမလို့လဲ "

"ငါ့အခန်းထဲမှာ ​ဂင်​ဂျောင်းဝူ ရှိတယ်​ "

"သူ ​နေမ​ကောင်းလို့ အဖျားကြီးပီး သတိ​မေ့​နေတယ်​ "

"အဲဒါ သူ့အခန်းထဲ ​ခေါ်သွားလိုက်​ "

"ဟုတ်​ကဲ့ သခင်​​လေး ထပ်​ခိုင်းစရာရှိ​သေးလား "

"မလိုဘူး အဲ့ဒါပဲ အရင်​​လုပ်​​ပေး "

သူ့ကို ​ခေါင်းငြိမ့်​ အရိုအ​သေ​ပေးကာ သူ့အခန်းထဲကို ဝင်​သွားသည်

ထို့​နောက်​ အထုတ်​ထမ်းသလိုပင်​ ​ဂျောင်းဝူကို ​မှောက်​ယက်​နဲ့ ပုခုံး​ပေါ်ထမ်းကာ ​ခေါ်သွားသည်

"မ​သေသွားလို့ ​တော်​​သေးတယ်​ "

"​သေသွားရင်​လည်း ဘာဖြစ်​လဲ သူ့မိဘ​တွေကို ပိုက်​ဆံ​ပေးလိုက်​ရုံ​ပေါ့ "

"ဘယ်​သူ့မှ ငါ့လို သခင်​​လေးကို လာမဖမ်းရဲပါဘူး "

သူ့ရဲ့ခပ်​​ပေါ့​ပေါ့ စကား​တွေက ​နောင်​တစ်​ချိန်​မှာ သူ့ကို ဒုက္ခ​ပေးလိမ့်​မည်​ဟု လီရှင်း လုံးဝမသိခဲ့​ပေ.......

******************************

မာဖွန်း ​ဂျောင်းဝူဆိုတဲ့​ကောင်​​လေးကို အခန်းထဲပို့လိုက်​သည်

တစ်​ကိုယ်​လုံး ပူခြစ်​​နေတာ အကျီခံထားတာ​တောင်​ ပူ​နေတာခံစားရသည်

Poisonous Love (Warning 💥)Where stories live. Discover now