Extra

19.7K 812 36
                                    

ZG

လွယ်​အိတ်​ထဲက ​ဆေးလိပ်​ဘူးကိုထုတ်​ကာ ​ဆေးလိပ်​တစ်​​ချောင်းထုတ်​လိုက်​သည်

မီးခြစ်​ကိုအသာ​လေးခြစ်​လိုက်​​တော့ မီး​တောက်​မျှင်​မျှင်​​လေးထွက်​လာသည်

နှုတ်​ခမ်း​ပေါ် ​တေ့ပြီးတင်​ထား​သော ​ဆေးလိပ်​နားကပ်​ကာ မီးငြိလိုက်​သည်

တစ်​ချက်​စုပ်​​သောက်​ပြီးလျှင်​ ပါးစပ်​ထဲက​နေထွက်​လာတဲ့ အ​ငွေ့​တွေကို သူကြိုက်​တယ်

ဆေးလိပ်​​သောက်​မှ ကိုရီးယားရဲ့ အ​အေးဓာတ်​ကိုခံနိုင်​ရည်​ရှိသွားသလိုပင်​ ခံစားရသည်

လမ်းကြားထဲကဆူညံသံကြား၍ တစ်​ချက်​လှမ်းကြည့်​လိုက်​​တော့ ရန်​ပွဲဖြစ်​​နေသည်

ဒါ သူနဲ့မဆိုင်​၍ ​ဆေးလိပ်​သာဆက်​​သောက်​​နေသည်

တစ်​ချက်​လှမ်းကြည့်​မိ​တော့ ​ကောင်​​လေးတစ်​​ယောက်​က ​နောက်​​ကောင်​ ၅​ယောက်​​လောက်​နဲ့ Fight​နေတာဖြစ်​​နေသည်

ပထမ​တော့ သူတစ်​​ယောက်​တည်းချနိုင်​​ပေမဲ့ လူ၅​ယောက်​ဆို​တော့ သူလည်းမနိုင်​​တော့ဘူးနဲ့တူတယ်

ထို​ကောင်​​လေးကို ​၂​ယောက်​ကချုပ်​ကာ ကျန်​သုံး​ယောက်​က အပြီအပြင်​ထိုး​နေသည်

ဟို​ကောင်​​လေးကလည်း လစ်​ရင်​လစ်​သလို ​ခြေ​ထောက်​နဲ့လှမ်းကန်​သည်

'လူချင်းမမျှလိုက်​တာ ကျွတ်​စ်​ '

"ဟာ..... ​​အေး​ဆေး​တောင်​မ​သောက်​ရပါလား "

သူ ထိုရန်​ပွဲဆီသို့ ​ဖြေး​ဖြေးချင်း လမ်း​လျှောက်​သွားလိုက်​သည်

တစ်​​ယောက်​ရဲ့ ​ကျောကိုပုတ်​လိုက်​​တော့ သူက လှည့်​ကြည့်​သည်

"ဘာလဲ မင်းက "

ပါးစပ်​ထဲက ​ဆေးလိပ်​ကိုထုတ်​ကာ အ​ငွေ့များကို ထို​ကောင်​မျက်​နှာဆီ မှုတ်​ထုတ်​လိုက်​သည်

"ဘာ​ကောင်​လဲကွ "

"မင်းတို့ မရှက်​ဘူးလား "

"ဘာကွ "

"တစ်​​ယောက်​နဲ့ ငါး​ယောက်​နဲ့ ဟက်​ "

Poisonous Love (Warning 💥)Where stories live. Discover now