Episode 22

22.7K 1K 48
                                    

ZG

"မန်းဆူ မင်း​နေခဲ့ရင်​​နေခဲ့ "

"ငါနဲ့အကိုဆန်း​ချော ​တောင်​​ပေါ်မှာ ​ဆေးပင်​​တွေသွားခူးအုန်းမယ်​ "

"ဟုတ်​ကဲ့ပါ "

'အင်း ဟုတ်​တယ်​ မန်းဆူမလိုက်​တာပဲ ​ကောင်းတယ်​ '

ဂျောင်းဝူ ခြင်း​တောင်းကို​နောက်​မှာလွယ်​ကာ ​တောင်​​ပေါ်သို့တက်​လာခဲ့သည်

"အကိုဆန်း​ချော အကိုကဟိုဘက်​နားသွားခူး​လေ "

"ကျွန်​​တော်​က ဒီဘက်​နားမှာခူးမယ်​ "

"​ကောင်းပီ သတိလည်းထားအုန်း ​ဂျောင်းဝူ "

"ဟုတ်​ကဲ့ပါ အကိုဆန်း​ချော "

အကိုဆန်း​ချော ဟိုဘက်​နားသွားတာ​သေချာသည်​နှင့်​ ​ဂျောင်းဝူ ဒီဘက်​လှည့်​ကာ ​တောင်​​ပေါ်သို့ အမြန်​တက်​သည်

မောပန်း​နေလည်း လူကအ​လျော့မ​ပေး

လိုဏ်​ဂူကို​တွေ့သည်​နှင့်​ ​ဂျောင်းဝူ​ပျော်​သွားသည်

အထဲကအပြင်​​လောက်​သိပ်​မလင်း​ပေမဲ့ အပြင်​က​နေ ​နေထိုးတာ​ကြောင့်​ အနည်းငယ်​​တော့မြင်​ရသည်

အထဲကိုဝင်​လိုက်​သည်​နှင့်​ ​အေးစိမ့်​စိမ့်​ဖြစ်​သွားသည်

အပင်​​တွေ​ပေါက်​​နေတဲ့​နေရာနား သွားကြည့်​ပြီးရှာလိုက်​သည်

"​တွေ့ပြီ ဘုံချွန်းနဲ့တူတဲ့ အဆိပ်​ရွက်​ "

အရွက်​အချို့ကိုဆွဲနှုတ်​ပြီး​နောက်​ ​သေချာထုတ်​ပိုးကာ ​ဂျောင်းဝူဖွက်​ထားလိုက်​သည်

အဆိပ်​​ဖြေအရွက်​ပါရှာရမည်​မို့ ​တောင်​​အောက်​ဘက်​သို့ဆင်းလာလိုက်​သည်

"အာ့ "

လူက​လော​နေသည်​နှင့်​ ​ခြေ​ချော်​သွားသည်

တော်​​သေး၍ ဘာမှ​တော့မထိခိုက်​လိုက်

ချော်​လဲသည်​နှင့်​ လက်​က​ဘေးကအပင်​​တွေကိုဆွဲလိုက်​မိသည်

လက်​ထဲကအရွက်​​တွေကို ​သေချာကြည့်​မှ မူလုံနဲ့တူ​နေသည်

Poisonous Love (Warning 💥)Where stories live. Discover now