Episode 24

23.5K 999 35
                                    

ZG

နေ​ရောင်​ခြည်​က အခန်းထဲကို ကျ​ရောက်​​နေသည်

အပြင်​က​နေ ငှက်​က​လေးများရဲ့တီတီတာတာအသံ​လေးများလည်းကြားရသည်

လီရှင်းမျက်​လုံးဖွင့်​လိုက်​သည်​နှင့်​ မြင်​လိုက်​ရသည်​က သူ့ရင်​ခွင်​ထဲမှာ နှစ်​နှစ်​ခြိုက်​ခြိုက်​ အိပ်​​ပျော်​​နေ​သော ​ဂျောင်းဝူ

'အိမ်​မက်​မဟုတ်​ဘူးပဲ '

'​ကျေးဇူးပါ တကယ်​ ​ကျေးဇူးတင်​ပါတယ်​ '

လီရှင်း အရမ်း​ပျော်​​နေ၍ ​ဂျောင်းဝူကိုတင်းတင်းဖက်​လိုက်​မိသည်

သူတင်းကျပ်​စွာဖက်​​သော​ကြောင့်​ ​ဂျောင်းဝူက အင်းအဲညည်းကာ ​မျက်​နှာဆူဆူပုတ်​ပုတ်​ဖြင့်​ နိုးလာခဲ့သည်

"ရှင်း!! ဘာလို့အတင်းဖက်​​နေတာလဲ "

"ဒီမှာ ​ဂျောင်းဝူ ​ကောင်း​ကောင်းအိပ်​လို့မရ​တော့ဘူးကွာ "

အောက်​နှုတ်​ခမ်း​လေးကိုဖိကိုက်​ကာ သူ့ကို စူးခနဲကြည့်​ပြီး ​ပြော​လေသည်

"​တောင်းပန်​ပါတယ်​ကွာ ဆက်​အိပ်​ ဆက်​အိပ်​ "

"ဟွင့်​ အိပ်​လို့မှမရ​တော့တာ "

"​ကိုယ်​ ​တောင်းပန်​ပါတယ်​​နော်​ ​နော်​လို့ "

"မ​တောင်းပန်​ပါနဲ့ ရှင်း "

"နိမ့်​ကျတဲ့အ​စေခံ​ဟောင်းတစ်​​ယောက်​ကို မ​တောင်းပန်​နဲ့ "

"မဟုတ်​တာ ဘာကိုနိမ့်​ကျရမှာလဲ "

"​ဂျောင်းဝူသာ ကိုယ်​နဲ့အတူရှိရင်​ နိမ့်​ကျတဲ့သူဖြစ်​​တော့မှာမဟုတ်​ဘူး "

"တကယ်​လား "

"အင်း​ပေါ့ "

လီရှင်း ​ဂျောင်းဝူရဲ့လက်​သွယ်​သွယ်​ဖြူဖြူ​လေး​တွေကိုဆုပ်​ကိုင်​ကာ နမ်းရှိုက်​လိုက်​သည်

'ဒုန်း.....'

တံခါးကိုအတင်းအကျပ်​ဆွဲဖွင့်​သံ​ကြောင့်​ ​ဂျောင်းဝူနဲ့လီရှင်း လန့်​သွားသည်

လှည့်​ကြည့်​လိုက်​​တော့ ​တွေ့လိုက်​ရသည်​က သခင်​ကြီးလီဝမ်​ဂျုံးပင်​ဖြစ်​သည်

Poisonous Love (Warning 💥)Where stories live. Discover now