Episode 12

26.6K 1.1K 12
                                    

ZG

"​ဂျောင်းဝူ ​ဂျောင်းဝူ "

သူ့လက်​ထဲမှာ ​မေ့​မြော​နေ​သော ​ဂျောင်းဝူကိုကြည့်​ကာ သူဘာလုပ်​လို့ဘာကိုင်​ရမှန်းမသိဖြစ်​​နေသည်

"ငါ ငါ ငါ​တောင်းပန်​ပါတယ်​ "

"မင်း ဘယ်​တုန်းက ဒဏ်​ရာရသွားတာလဲ "

"ငါ စိတ်​မထိန်းနိုင်​လို့ မင်းဒီလိုဖစ်​​နေတာမသိလိုက်​တာပါ "

ဘောင်းဘီကိုပြန်​ဝတ်​​ပေးကာ အကျီကိုလည်း ကြိုးအမြန်​ပြန်​ချည်​​ပေးလိုက်​သည်

ဂျောင်းဝူကို​ပွေ့ချီကာ ကုန်​သည်​အဖွဲ့နား​နေရာသို့ အ​ပြေးသွားလိုက်​သည်

ကျဆင်း​နေ​သောမျက်​ရည်​ကို​တောင်​သတိမထားမိ

စိတ်​များက ​ဂျောင်းဝူကိုသာ ကယ်​တင်​ဖို့ရာ

"အခုထွက်​မယ်​ "

သူ​ပြောလိုက်​​သောစကား​ကြောင့်​ နား​နေ​သောအလုပ်​သမားများ ​ကြောင်​အစွာ ​ငေးကြည့်​​နေသည်

"နီးစပ်​ရာ ရွာဖစ်​ဖစ်​ မြို့ဖစ်​ဖစ်​ အမြန်​သွားမယ်​ အဲ့မှာပဲနားကြ​တော့ "

သူ အမိန့်​​ပေးလိုက်​သည်​နှင့်​ အလုပ်​သမားများ လှုပ်​လှုပ်​ရှားရှားဖစ်​လာသည်

အထုပ်​များသယ်​ထားသည့်​ မြင်းလှည်းများကို ​သေချာစစ်​​ဆေးကြသည်

တာဝန်​ခံကသူ့အနားလာကာ ​ဂျောင်းဝူကိုတလှည့်​သူ့ကိုတလှည့်​ကြည့်​​နေသည်

"သခင်​​လေးရှင်း ဘာဖြစ်​လို့လဲ "

"​ဂျောင်းဝူ ဒဏ်​ရာရလာလို့ ​သွေးထွက်​လွန်​​နေတယ်​ "

"​သမား​တော်​ဆီပို့မှဖြစ်​မှာ "

သခင်​​လေးရှင်းက ဒီအ​စေခံ​လေးကို ဘာလို့အရမ်းစိတ်​ပူ​နေလဲ သူလည်းမသိ​တော့

တွေး​နေတုန်းပဲရှိ​သေး မြင်း​ပေါ်​တောင်​ ​ရောက်​သွားပီ

"ဘာလုပ်​​နေတာလဲ ထွက်​ဖို့ပြင်​​တော့​လေ "

ရင်​ခွင်​ထဲမှာ ​မေ့​မြော​နေ​သော ​ဂျောင်းဝူကို လက်​တစ်​ဖက်​နဲ့ထိန်းကာ ကျန်​တစ်​ဖက်​ဖြင့်​ ကြိုးကိုဆွဲလိုက်​သည်

Poisonous Love (Warning 💥)Where stories live. Discover now